စတာလင်နဲ့ ပါလ်မာတို့ရဲ့ စကားထဲမှာ မန်စီးတီးအပေါ်မှာ ထားရှိတဲ့ သံဃောဇဉ်လေးတွေကို မြင်ခဲ့ရပါတယ်

စီးတီးကို ၄ ဂိုးစီ သရေကျတဲ့ပွဲမှာ ခြေစွာခဲ့ကြတဲ့ ချယ်ဆီး ကစားသမား ၂ ဦးက အသင်းဟောင်း စီးတီးကို ရင်ဆိုင်ကစားရတဲ့အပေါ် ခံစားချက်ကို ဖွင့်ဟခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ မနက်ကပွဲမှာ သွင်းဂိုး ကိုယ်စီ ရခဲ့ကြပြီး တိုးတက်လာနေတဲ့ ချယ်ဆီးအသင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာနေကြပြီ ဖြစ်ပါတယ်။

“ ကျွန်တော် စီးတီးမှာ အရမ်းကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့တယ်။ လူတွေက ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို သိကြပါတယ်။ ကျွန်တော် ကွင်းထဲဝင်ပြီး စွမ်းဆောင်ပြခဲ့တယ်။ ကျွန်တော် ချယ်ဆီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ရတာကို ဂုဏ်ယူမိပါတယ် ”လို့ စတားလင်းက ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ရာသီစကမှ ပြောင်းရွှေ့လာခဲ့တဲ့ ပါလ်မာက “ ချယ်ဆီးကို ရောက်လာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ စီးတီးနဲ့ ရင်ဆိုင်ကစားရတယ်။ ကျွန်တော် ၁၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တဲ့ အသင်းကို ကြီးမားတဲ့ လေးစားမှုရှိပါတယ်။ သူငယ်ချင်းအချို့နဲ့ တွေ့ရတာ အရမ်းကောင်းတယ်။

ကျွန်တော်တို့ နိုင်ပွဲရဖို့ ကံမကောင်းခဲ့ပါဘူး။ ကျွန်တော့်အိမ်မှာလည်း စီးတီးပရိသတ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါက ပြိုင်ပွဲပဲ မဟုတ်လား။ ဒီအချိန်ရောက်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် ယုံကြည်မှုရှိခဲ့ပါတယ်။

ကျွန်တော် ပင်နယ်တီ ကျင့်ခဲ့တယ်လို့ ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် မကျင့်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အရည်အသွေးကိုပဲ ယုံကြည်ခဲ့တာပါ။ ကျွန်တော် ဒီပွဲကို အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။