ချယ်ဆီးပွဲမှာ ခြေပဂိုး ၂ ဂိုး ပေးရအောင် လုပ်ခဲ့တဲ့ အမှားပိုင်ရှင်ကို ထောက်ပြ ဝေဖန်လိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင်က မန်စီးတီးနဲ့ ချယ်ဆီးတို့ ၄ ဂိုးစီ သရေကျတဲ့ပွဲမှာ ခံစစ်မှူး ဒီယက်စ်ရဲ့ အလောတကြီး လျှော်ထိုးဝင်မှုတွေဟာ မှားယွင်းတယ်လို့ ဝေဖန်လာပါတယ်။

နာကျင်အချိန်ပိုမှာ ဘရိုဂျာရဲ့ အောက်ပိုင်းကို ဒီယက်စ် အဝင်ကြမ်းခဲ့တာကြောင့် စီးတီးတို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဆိုပါ ပင်နယ်တီကို ချယ်ဆီးအသင်းသား မန်စီးတီး အကယ်ဒမီထွက် ကြယ်ပွင့်ဟောင်း ပါလ်မားက အဆုံးသတ်သွင်းယူခဲ့လို့ ၄ဂိုးစီ သရေကျခဲ့ပါတယ်။

အိုဝင်က ” ဒီယက်စ် လျှောထိုးပစ်ဝင်ခဲ့တာက စီးတီးကို ၂ဂိုး ပေးဆပ်စေခဲ့ရပါတယ် ။ ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးနဲ့ ဂျက်ဆင်ရဲ့ ဂိုးမှာပေါ့။ ဘောလုံးက သူ့နားမှာ မရှိချိန် သူကတော့ လျှောထိုးပစ်ဝင်ခဲ့ပါတယ်။

သူသာ အဲ့လိုမလုပ်ဘဲ မတ်တပ်ရပ်ပြီး ပိတ်ကာထားမယ်ဆိုရင် ဂျက်ဆင်မတိုင်ခင် ဘောလုံး အရင်ရတောင် ရနိုင်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ လမ်းကြောင်းပြောင်းပြီး ထောင့်ကန်ဘောလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလေ။

သူကတော့ ဘောလုံးကို လျှောထိုးပြီး ပိတ်ကာဖို့ပဲ စဉ်းစားခဲ့တယ်။ ၂ကြိမ်လုံးမှာ သူ လျှောထိုးခဲ့ပြီး ၊ ၂ကြိမ်လုံး အသင်းအတွက် တဂိုးစီ ပေးဆပ်စေခဲ့ရပါတယ် ။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ် ။