ဒီရာသီ ယူရိုပါလိဂ်ဖလား အနိုင်ရနိုင်တဲ့ အသင်းသုံးသင်းကို ထုတ်ပြောလိုက်တဲ့ ဗန်ပါစီ

ယူနိုက်တက်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဗန်ပါစီက သူ့ရဲ့ အသင်းဟောင်း နှစ်သင်းဟာ ဒီရာသီ ယူရိုပါလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းတွေပါလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဗန်ပါစီက ယူနိုက်တက်နဲ့ အာဆင်နယ်အပြင် ဒီရာသီမှာတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာလာရတဲ့ နယ်သာလန်ကလပ် အေဂျက်အသင်းကလည်း အခွင့်အရေးကောင်း ရှိထားပါတယ်လို့ ဆိုပါတယ်။ ယူရိုပါလိဂ်ဟာ ဒီအပတ်မှာတော့ ၃၂ သင်း ရံှူးထွက် အဆင့်တွေကို စတင်ကာ ယှဉ်ပြိုင်သွားတော့မှာ ဖြစ်တယ်။

ဗန်ပါစီက ပြောရာမှာ ” အာဆင်နယ်နဲ့ ယူနိုက်တက်တို့က အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ကြပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာရတာက အေဂျက်အတွက် အထိနာမှုဖြစ်ခဲ့တယ်။ သူတို့ကလည်း ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့် ဒီရာသီ ယူရိုပါလိဂ် အနိုင်ရဖို့ ရေပန်းစားပါတယ်။

ယူရိုပါလိဂ်မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေက ရံှူးထွက်အဆင့်တွေကို ကျော်လွန်ဖို့ ကစားသမားတွေကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ လိုပါတယ်။ အကောင်းဆုံး ကစားသမားတွေကို သုံးနိုင်ဖို့လည်း လိုပါတယ်။ ပွဲထွက်လူစာရင်းတွေနဲ့ လူစားဝင် ကစားသမားတွေကို မျှတစွာ အသုံးပြုနိုင်ရမှာပါ။

သူတို့တွေ အဲ့တာတွေကို လုပ်နိုင်ရင် အနိုင်ရမှာပါပဲ။ ယူရိုပါလိဂ်ဖလားကလည်း အရေးပါတဲ့ ဆုဖလားတစ်ခု ဖြစ်တာကြောင့် ဒီဖလားအတွက် ပြင်ဆင်မှုတွေကို လုပ်ထားရမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ် ၃၂ သင်းအဆင့်ကိုတော့ အင်္ဂလန်သုံးသင်းအဖြစ် ယူနိုက်တက်၊ အာဆင်နယ်၊ ဝုဗ်တို့အပြင် စကော့တလန်ကလပ်တွေဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားတို့လည်း တက်ရောက်လာတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္နဲ႔ အာဆင္နယ္ တုိက္စစ္မွဴးေဟာင္း ဗန္ပါစီက သူ႔ရဲ႕ အသင္းေဟာင္း ႏွစ္သင္းဟာ ဒီရာသီ ယူရိုပါလိဂ္ဖလား အႏုိင္ရဖို႔ ေရပန္းစားတဲ့ အသင္းေတြပါလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဗန္ပါစီက ယူႏုိက္တက္နဲ႔ အာဆင္နယ္အျပင္ ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန ထြက္ခြာလာရတဲ့ နယ္သာလန္ကလပ္ ေအဂ်က္အသင္းကလည္း အခြင့္အေရးေကာင္း ရွိထားပါတယ္လို႔ ဆိုပါတယ္။ ယူရိုပါလိဂ္ဟာ ဒီအပတ္မွာေတာ့ ၃၂ သင္း ရံွဴးထြက္ အဆင့္ေတြကို စတင္ကာ ယွဥ္ျပိဳင္သြားေတာ့မွာ ျဖစ္တယ္။

ဗန္ပါစီက ေျပာရာမွာ ” အာဆင္နယ္နဲ႔ ယူႏုိက္တက္တို႔က အႏုိင္ရဖို႔ ေရပန္းအစားဆံုး အသင္းေတြ ျဖစ္ၾကပါတယ္။ ခ်န္ပီယံလိဂ္ကေန ထြက္ခြာလာရတာက ေအဂ်က္အတြက္ အထိနာမႈျဖစ္ခဲ့တယ္။ သူတို႔ကလည္း ေကာင္းမြန္တဲ့ လူစာရင္းကို ပိုင္ဆုိင္ထားတာေၾကာင့္ ဒီရာသီ ယူရိုပါလိဂ္ အႏုိင္ရဖို႔ ေရပန္းစားပါတယ္။

ယူရိုပါလိဂ္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြက ရံွဴးထြက္အဆင့္ေတြကို ေက်ာ္လြန္ဖို႔ ကစားသမားေတြကို အေကာင္းဆံုး အသံုးျပဳႏိုင္ဖို႔ လိုပါတယ္။ အေကာင္းဆံုး ကစားသမားေတြကို သံုးႏုိင္ဖို႔လည္း လိုပါတယ္။ ပြဲထြက္လူစာရင္းေတြနဲ႔ လူစားဝင္ ကစားသမားေတြကို မွ်တစြာ အသံုးျပဳႏုိင္ရမွာပါ။

သူတို႔ေတြ အဲ့တာေတြကို လုပ္ႏုိင္ရင္ အႏုိင္ရမွာပါပဲ။ ယူရိုပါလိဂ္ဖလားကလည္း အေရးပါတဲ့ ဆုဖလားတစ္ခု ျဖစ္တာေၾကာင့္ ဒီဖလားအတြက္ ျပင္ဆင္မႈေတြကို လုပ္ထားရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ကိုေတာ့ အဂၤလန္သံုးသင္းအျဖစ္ ယူႏိုက္တက္၊ အာဆင္နယ္၊ ဝုဗ္တို႔အျပင္ စေကာ့တလန္ကလပ္ေတြျဖစ္တဲ့ ဆဲလ္တစ္နဲ႔ ရိန္းဂ်ားတို႔လည္း တက္ေရာက္လာတာ ျဖစ္ပါတယ္။