ဒဏ်ရာ ရ ကစားသမားတွေ များလွန်းတဲ့ထဲ ဟာလန်းပါ ထိသွားလို့ ခေါင်းခဲနေရပြီ ဖြစ်တဲ့ မန်စီးတီးအသင်း

မန်စီးတီး တိုက်စစ်မှုး ဟာလန်းဟာ နော်ဝေ လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားပေးရင်း ဒဏ်ရာ ပြဿနာ ရင်ဆိုင်ခဲ့ရလို့ စီးတီးနည်းပြ ဂွာဒီယိုလာတစ်ယောက် ခေါင်းခဲနေရပါတယ်။

ထိုပွဲမှာ ဒုတိယပိုင်းမှ လူစားဝင် ကစားခဲ့တဲ့ ဟာလန်းဟာ ပွဲပြီးခါနီးမှာ မသက်မသာဖြင့် ကွင်းထဲက ထွက်လာခဲ့တာပါ။

ပွဲအပြီးမှာ နော်ဝေအသင်း ဆရာဝန်က ဟာလန်းရဲ့ ဒဏ်ရာ အနားယူရမယ့် ကာလ ရှည်ကြာလာမှာကို စိုးရိမ်တယ်လို့ ထုတ်ပြောခဲ့တယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့လကလည်း တူညီတဲ့ ဒဏ်ရာမျိုး ရင်ဆိုင် ထားခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ အီသီဟက်မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် စီးတီးမှာ ဒဏ်ရာ ပြဿနာတွေ အတော်လေး များနေပါတယ်။

လက်ရွေးစင် အသင်းတွေကနေ ကိုဗာဆစ်၊ အီဒါဆန်၊ နူးနက်စ်၊ အကီတို့ နှုတ်ထွက်ထားသလို ဒီဘရိုင်း၊ ဂျွန်စတုန်းနဲ့ ဂိုးမက်စ်တို့ကလည်း ဒဏ်ရာရနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ ပူးပေါင်းနေတဲ့ အဲဗာရက်ဇ် က နောက်ကျပြီးမှ အင်္ဂလန်ကို ပြန်ရောက်လာဖို့ရှိပါတယ်။

နည်းပြ ပက် ဂွာဒီယိုလာမှာ လူငယ်စတား အော်စကာ ဘော့ အပါအဝင် ရွေးချယ်စရာ လူစာရင်း ၁၄ ဦး ပဲ ကျန်ရှိတယ် လို့ သိထားရပြီး အဓိက ပွဲထွက်လူစာရင်းကတော့ တောင့်တင်းနေဆဲ ဖြစ်ပါတယ်။

အက်ဒီဆန် မကစားနိုင်ရင် ပွဲထွက် ဂိုးသမားအဖြစ် စတန်ဖန် ပွဲထွက်နိုင်ပြီး ခံစစ်က ဝေါ်ကာ၊ ဒီယက်စ်၊ အခန်ဂျီနဲ့ ဂါဗာဒီအောတို့ ရှိနေပါတယ်။ ကွင်းလယ်မှာ ရိုဒရီ၊ ဘာနာဒိုတို့ ရှိနေကာ တိုက်စစ်အတွက် ဖိုဒန်၊ ဂရီလစ်ချ်၊ ဒိုကူ၊ အဲဗာရက်စ်တို့ ရွေးချယ်လို့ ရမှာပါ။

ရီကို လီဝစ်၊ ကယ်ဗင် ဖီးလစ်တို့လို ကစားသမားတွေလည်း ရှိနေသေးပေမယ့် ကာလရှည် အတွက် တော့ စီးတီးရဲ့ ဒဏ်ရာရ ကစားသမားတွေ အမြန် ပြန်သက်လာလာဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။