အဲဗာတန် ၁ဝ မှတ် လျှော့ခံရပေမယ့် မန်စီးတီး အမှုတွေက အဲဒီလောက်ထိ ရောက်သွားဖို့ မရှိပါဘူး

ပရီးမီးယားလိဂ် ဟာ အဲဗာတန်အသင်းကို FFP စည်းမျဉ်း ချိုးဖောက်တယ် ဆိုပြီး ၁ဝ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

အဓိက အကြောင်းအရင်းကတော့ တစ်ခုတည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းတွေ အရ ကလပ်အသင်းတွေဟာ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခွင့် မရှိပါဘူး။ ဒါပေမယ့် အဲဗာတန်က နှစ်တွေ ဆက်တိုက် ရှုံးခဲ့ပါတယ်။

တကယ်လို့ အရှုံးပေါ်မယ် ဆိုရင်လည်း ပေါင် ၁ဝ၅ သန်း ထက် မပိုရဘူးလို့လည်း စည်းမျဉ်းက ထိန်းထားပါသေးတယ်။ ဒါကိုလည်း အဲဗာတန်က နောက်ဆုံး သုံးနှစ် အတွင်းမှာ ပေါင် ၁၂၄.၅ သန်း ထိ ရှုံးခဲ့တာပါ။ အဲဗာတန်က ရှေ့ ၂နှစ် တုန်းကလည်း ရှုံးထားတာကြောင့် ၅ နှစ် ဆက်တိုက် အရှုံးပေါ်တာ ဖြစ်သွားပါတယ်။

ဒါကြောင့်လည်း ရမှတ် လျှော့ ပြစ်ဒဏ် အဖြစ် ၁ဝ မှတ် လျှော့ခဲ့တာ လို့ သိရပါတယ်။

ဒါပေမယ့် အဲဗာတန် အမှတ် လျှော့ခံရရင် အမှုတွေ တသီကြီး ရှိနေဲ့ မန်စီးတီး ဆိုရင် ပြစ်ဒဏ် ဘယ်လောက် ကျမလဲ မေးခွန်းထုတ်မှုတွေ ဆက်ရှိနေပါတယ်။

မန်စီးတီး အသင်းဟာ ၁၁၅ ချက် ထိ အမှုတွေ များနေပေမယ့် စွဲချက် အများစုက ကြီးကြီးမားမာ ကိစ္စတွေ မဟုတ်ပါဘူး။ ကစားသမား အပြောင်းအရွှေ့တွေကိုပဲ အများစုက စွဲချက်တင်ထားတာပါ။ ဒါပေမယ့် အပြောင်းအရွှေ့တွေမှာ မန်စီးတီး ကစားသမား ပြန်ထုတ်ရောင်းပုံကလည်း အတော်လေး အသာစီး ရထားပါတယ်။

ဒါတွေ အပြင် မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး အရ နှစ်တိုင်းကို အမြတ်ထွက်နေပါတယ်။ ကစားသမား အဝင် အထွက်ကလည်း ရောင်းငွေ၊ ဝင်ငွေ အတိုင်း ဘောင်ထဲက သုံးထားတာ ဖြစ်တာကြောင့် ဘဏ္ဍာရေး စည်းမျဉ်း ငြိစရာ ကြီးကြီးမားမားတွေ မရှိနေပါဘူး။

ဒါကြောင့် အဲဗာတန် လို ကိစ္စကြီး မဟုတ်ရင် မန်စီးတီး ရမယ့် ပြစ်ဒဏ်က နည်းနည်းနဲ့ ပြီးပါမယ်။ ဒါတောင် မန်စီးတီးက အပြစ်ရှိတယ် လို့ သက်သေ ပြနိုင်မှသာ ချမှတ်ခံရမှာပါ။ မန်စီးတီး လုံးဝ အပြစ်လွတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ ကစားသမား အရောင်းအဝယ် ကိစ္စတွေမှာ လက်သိပ်ထိုး လှုပ်ရှားထားတာတွေ ှရိရင်တော့ မန်စီးတီး အပြစ် ပေးခံရမှာပါ။ ဒါပေမယ့် ဒါကလည်း ဒဏ်ငွေနဲ့ အမှတ်လျှော့ အနည်းငယ် အပြင် တန်းဆင်းလောက်ထိ ပြင်းထန်အောင် လုပ်ဆောင်လို့ ရဖွယ် မရှိပါဘူး။