ယူနိုက်တက်ထံ ပြောင်းခွင့်က အိပ်မက်တစ်ခုဖြစ်လို့ ချယ်ဆီးကို ငြင်းဆန်ဖို့ ပြင်ဆင်ထားတဲ့ တိုက်စစ်မှူး
လိုင်ယွန်အသင်း တိုက်စစ်မှူး ဒမ်ဘီလီက နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်ထံ ပြောင်းခွင့်ရဖို့ ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
စကိုင်းစပေါ့က ဖော်ပြလာတဲ့ သတင်းဖြစ်ပြီး ဒမ်ဘီလီဟာ အိုထရတ်ဖိုဒ့်ကို ပြောင်းခွင့်ကို အိပ်မက်တစ်ခုလို ယုံကြည်ထားသူဖြစ်ကာ သူဟာ ရာသီကုန်မှာ လိုင်ယန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ လာမယ့် ဘောလုံးရာသီမှာ ယူနိုက်တက်ကို ရောက်ဖို့ သတင်းကြီးနေတဲ့ ပြင်သစ်သား တိုက်စစ်မှူးကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ကိုတော့ လိုင်ယွန်ဘက်က ငြင်းဆန်ပါတယ်။
စကိုင်စပေါ့ရဲ့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက်ဖြစ်သူ Kaveh Solhekol က ” ရာသီကုန်မှာတော့ ဒမ်ဘီလီကို ထွက်ခွာခွင့် ပေးမှာဖြစ်ပြီး သူကလည်း အင်္ဂလန်ကို ပြန်လာလိုနေတယ်။ လိုင်ယွန်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် သူ့ကို ထွက်ခွာခွင့် မပေးခဲ့တာဖြစ်ပါတယ်။
လိုင်ယွန်ဥက္ကဌ ဂျင်မိုင်ကယ် အော့လက်စ်က ဒမ်ဘီလီကို များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့မှ ထွက်ခွာခွင့် ပေးမှာပါ။ ဒမ်ဘီလီမှာ ရွေးချယ်စရာတွေ ရှိပေမယ့် သူကတော့ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ဆိုတာက သူအလိုရှိလှတဲ့ အိပ်မက်တစ်ခုအဖြစ် ယူဆထားသူ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ချယ်ဆီးနဲ့အပြိုင် ဝါနာ၊ ဆန်ချို၊ ဒမ်ဘီလီ အစရှိတဲ့ လူငယ် တိုက်စစ်သမားတို့ကို စောင့်ကြည့်မှုတွေ လုပ်နေတာပါ။ နွေမှာတော့ သူတို့တွေကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်တယ်လို့ သိထားရပြီး ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အသင်းက ဒီခေါ်ယူမှုတွေကို ပိုမို အသားစီးရဖို့ ဖြစ်လာမယ်လို့ သိထားရတာ ဖြစ်ပါတယ်။
ZAWGYI
လိုင္ယြန္အသင္း တိုက္စစ္မွဴး ဒမ္ဘီလီက ေႏြအေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ထံ ေျပာင္းခြင့္ရဖို႔ ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။
စကိုင္းစေပါ့က ေဖာ္ျပလာတဲ့ သတင္းျဖစ္ျပီး ဒမ္ဘီလီဟာ အိုထရတ္ဖိုဒ့္ကို ေျပာင္းခြင့္ကို အိပ္မက္တစ္ခုလို ယံုၾကည္ထားသူျဖစ္ကာ သူဟာ ရာသီကုန္မွာ လိုင္ယန္ကေန ထြက္ခြာမွာ ျဖစ္ပါတယ္။ လာမယ့္ ေဘာလံုးရာသီမွာ ယူႏုိက္တက္ကို ေရာက္ဖို႔ သတင္းၾကီးေနတဲ့ ျပင္သစ္သား တိုက္စစ္မွဴးကို ဇန္နဝါရီမွာ ထြက္ခြာခြင့္ကိုေတာ့ လိုင္ယြန္ဘက္က ျငင္းဆန္ပါတယ္။
စကိုင္စေပါ့ရဲ႕ အေျပာင္းအေရႊ႔ဆုိင္ရာ သတင္းေထာက္ျဖစ္သူ Kaveh Solhekol က ” ရာသီကုန္မွာေတာ့ ဒမ္ဘီလီကို ထြက္ခြာခြင့္ ေပးမွာျဖစ္ျပီး သူကလည္း အဂၤလန္ကို ျပန္လာလိုေနတယ္။ လိုင္ယြန္မွာ ဒဏ္ရာရ ကစားသမားေတြ မ်ားေနတာေၾကာင့္ သူ႔ကို ထြက္ခြာခြင့္ မေပးခဲ့တာျဖစ္ပါတယ္။
လိုင္ယြန္ဥကၠဌ ဂ်င္မိုင္ကယ္ ေအာ့လက္စ္က ဒမ္ဘီလီကို မ်ားျပားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔မွ ထြက္ခြာခြင့္ ေပးမွာပါ။ ဒမ္ဘီလီမွာ ေရြးခ်ယ္စရာေတြ ရွိေပမယ့္ သူကေတာ့ ယူႏုိက္တက္နဲ႔အတူ ခ်န္ပီယံလိဂ္ကစားခြင့္ဆိုတာက သူအလုိရွိလွတဲ့ အိပ္မက္တစ္ခုအျဖစ္ ယူဆထားသူ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ခ်ယ္ဆီးနဲ႔အျပိဳင္ ဝါနာ၊ ဆန္ခ်ိဳ၊ ဒမ္ဘီလီ အစရွိတဲ့ လူငယ္ တိုက္စစ္သမားတို႔ကို ေစာင့္ၾကည့္မႈေတြ လုပ္ေနတာပါ။ ေႏြမွာေတာ့ သူတို႔ေတြကို ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္တယ္လို႔ သိထားရျပီး ရာသီကုန္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမယ့္ အသင္းက ဒီေခၚယူမႈေတြကို ပိုမို အသားစီးရဖို႔ ျဖစ္လာမယ္လို႔ သိထားရတာ ျဖစ္ပါတယ္။