ဟာလန်း နာသွားခဲ့ပေမယ့် မပြင်းထန်ဘဲ လီဗာပူးနဲ့ပွဲ ပြန် ကစားနိုင်ဖို့ များနေပါပြီ
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီး တိုက်စစ်မှူး ဟာလန်း ဟာ ဒဏ်ရာ အခြေအနေ သိပ် မပြင်းထန်တာကောင့် လာမယ့်အပတ် လီဗာပူးအသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။
ဟာလန်းက နော်ဝေ နဲ့ ဖာရိုးကျွန်းစုများအသင်းတို့ရဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အတွင်း နော်ဝေအတွက် ပါဝင် ကစားခဲ့ရင်းနဲ့ ခြေချင်းဝတ် ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် စကော့တလန်နဲ့ ကစားရမယ့် နောက်ဆုံး ခြေစစ်ပွဲကိုပါ လွဲချော်ခဲ့ရပါတယ်။
ဒီဒဏ်ရာ အခြေအနေကြောင့် ဟာလန်းတစ်ယောက် မန်စီးတီးအသင်းအတွက် အရေးပါလှတဲ့ လီဗာပူးနဲ့ ပွဲစဉ်ကို လွဲချော်သွားရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဟာလန်းက သူ့ဒဏ်ရာကို risk မယူခဲ့ပဲ စကော့နဲ့ ပွဲကို အနားယူထားခဲ့တာကြောင့် လီဗာပူးနဲ့ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ခြေ များလာခဲ့ပါတယ်။

ဒါပေမယ့် ဟာလန်းရဲ့ နော်ဝေအသင်းကတော့ ဒီတစ်ချိန် ယူရိုခြေစစ်ပွဲကိုပါ မအောင်မြင်ခဲ့ရတာကြောင့် ဟာလန်းအနေနဲ့ နောက်ထပ် နိုင်ငံတကာ ပြိုင်ပွဲကြီးတစ်ခုကို ထပ်မံ လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဟာလန်းရဲ့ ခြေချင်းဝတ် ဒဏ်ရာ သိပ်မပြင်းထန်နေတာကတော့ သူရဲ့ကလပ် မန်စီးတီး အတွက် သတင်းကောင်း တစ်ခု ဖြစ်စေရပြီး လီဗာပူးလ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက်လည်း အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက် လာရဖွယ်ပါ ရှိနေပါတယ်။
ဟာလန်းကလည်း ဒီရာသီမှာလည်း မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၁၂)ပွဲကစားထားပြီးချိန် (၁၃)ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် လီဗာပူးလို ပြိုင်ဘက် အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ဟာလန်းက အသင်းအတွက် မပါမဖြစ် ပါဝင်လာဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
