ရစရာ လစာကြွေးတွေ ပေးဆိုပြီး မန်စီးတီး ကို တရားစွဲလိုက်တဲ့ နောက်ခံလူဟောင်း ဘန်ဂျမင် မန်ဒီ

မန်စီးတီး နောက်ခံလူဟောင်း ဘင်ဂျမင် မန်ဒီဟာ ၎င်းအမှုရင်ဆိုင်နေရစဉ် ကာလအတွင်း လစာမပေးချေခဲ့တဲ့ မန်စီးတီးအသင်း ကို တရားစွဲဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက မုဒိမ်းမှုတွေနဲ့ တရားရင်ဆိုင်ခဲ့ရပေမယ့် အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့တာပါ။

မန်ဒီဟာ မန်စီးတီးမှာ တစ်ပတ်ပေါင် ၁၀၀၀၀၀ လစာရခဲ့ပေမယ့် ၂၀၂၁ စက်တင်ဘာကတည်းက လစာရခြင်း မရှိတော့ပါဘူး။ မန်စီးတီးနဲ့သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လမှ ကုန်ဆုံးခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက မန်စီးတီးအသင်းဟာ မန်ဒီရဲ့ တစ်ပါတ်လုပ်ခ ပေါင် တစ်သိန်းကို ပေးချေခြင်း မရှိတော့တာ ဖြစ်ပြီး မန်ဒီနဲ့ မန်စီးတီးကြားက စာချုပ်သက်တမ်းက ဆက်လက် အသက်ဝင်နေခဲ့တာကြောင့် မန်ဒီက တရားစွဲလာတာပါ။

မန်ဒီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ၂၀၂၃ ခုနှစ် ဇွန်လအထိ မရရှိခဲ့တဲ့ လစာတွေအတွက် ပေါင် ဆယ်သန်း လျော်ကြေးတောင်းဆိုသွားမှာ ဖြစ်ပြီး စီးတီးဘက်ကတော့ မန်ဒီရဲ့ တောင်းဆိုချက်ကို လွယ်လွယ်ကူကူ လိုက်လျောပေးသွားဖွယ် မရှိကြောင်း သိရပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ အင်္ဂလိပ်သတင်းဌာနတွေက မန်စီးတီးကို ဆက်သွယ်မေးမြန်းခဲ့ကြပေမယ့် တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မန်ဒီဟာ ၂၀၁၇ မှာ မိုနာကိုကနေ ပေါင် ၅၂ သန်းနဲ့ရောက်လာခဲ့ပြီး အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီးဆုံး နောက်ခံလူဖြစ်လာခဲ့တာပါ။

မန်ဒီဟာ တရားရင်ဆိုင်နေရတဲ့ ကာလအတွင်း မန်စီးတီးထံမှ မည်သည့်လစာမှ မရရှိခဲ့ပဲ တရားရုံး ကုန်ကျစားရိတ် ပေါင် ၁သန်း အထိ အသုံးပြုခဲ့ရသလို ပေါင် ၅ သန်းတန် ၎င်းရဲ့ နေအိမ်ကိုလည်း ရောင်းချဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။