ပရိသတ်တွေ အတွက် ခရီးစရိတ် ထုတ်ပေး ကူညီခဲ့တဲ့ သဘောကောင်း မနောကောင်း တိုက်စစ်မှုး ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက သူရဲ့ ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ နော်ဝေ ကလပ် Bryne FK အသင်းက ပရိသတ်တွေ အသင်းပွဲစဉ်တွေ လိုက်လံ့အားပေးဖို့အတွက် ခရီးစရိတ် စိုက်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ အင်္ဂလန်နိုင်ငံ ချက်ရှိုင်းယားေ ဒသမှာ မွေးဖွားခဲ့ပေမယ့် သူ့အသက် (၄)နှစ်လောက်မှာပဲ နော်ဝေနိုင်ငံ Bryne ဒေသဆီ ပြောင်းရွှေ့ခဲ့ရင်း Bryne FK ဘောလုံး အကယ်ဒမီမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။
အသက်(၅)နှစ် အရွယ်လောက်ကနေ (၁၇)နှစ်လောက်အထိ Bryne FK အသင်းမှာ ပါဝင် ကစားဖြစ်ခဲ့တဲ့ ဟာလန်းက အသက် (၁၈)နှစ် မပြည့်ခင်မှာပဲ နော်ဝေ ထိပ်သီးကလပ် မိုလ်ဒီအသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
အဲ့ဒီကနေ တစ်သင်းပြီးတစ်သင်း ပြောင်းလာခဲ့တဲ့ ဟာလန်းက အခု မန်စီးတီးရဲ့ အရေးပါတဲ့ ကစားသမားပါ ဖြစ်လာနေပါပြီ။
လက်ရှိမှာ ဟာလန်းက ဝင်ငွေ အလွန်ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာချိန် သူ့အသင်းဟောင်း Bryne FK အပေါ် ချစ်မြတ်နိုးစိတ်ကြောင့် အသင်းဟောင်းက ပရိသတ်တွေ အသင်းပွဲစဉ်တွေကို လိုက်လံ အားပေးဖို့အတွက် လိုအပ်တဲ့ ခရီးစရိတ် ရထားခ ပေါင် (၁၀၀၀၀)ဝန်းကျင်ခန့် စိုက်ထုတ်ပေးခဲ့ပါတယ်။
ဟာလန်းက ကစားသမားဘဝအတွင်း Bryne FK ၊ မိုလ်ဒီ ၊ ရက်ဘူး ဆာလ်ဇ်ဘာ့ဂ် ၊ ဒေါ့မွန် နဲ့ မန်စီးတီး အသင်းတွေမှာ ပါဝင်ခဲ့ဖူးပြီး ဒီအသင်းတွေ အားလုံးအတွက် စုစုပေါင်း (၂၂၄)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အခုလို အသင်းဟောင်း Bryne FK အပေါ် ပြုလုပ်ပေးခဲ့သလိုမျိုး သူရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းက အသင်းဖော်တွေ အသင်းဝန်ထမ်းတွေအတွက်ကိုလည်း ဇိမ်ခံနာရီ တစ်လုံးစီ လက်ဆောင် ပေးခဲ့ ပါသေးတယ်။