စနေနေ့ မန်စီးတီး – လီဗာပူးတို့ အီတီဟက်မှာ ကန်မယ့် ပွဲက ဘယ်လိုရလဒ်ထွက်မလဲ ပေါမာဆန်ကြီး သုံးသပ် ဟောကိန်းထုတ်လိုက်ပါပြီ
နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ မန်ချက်စတာ စီးတီး ဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးတို့ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။ ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်၊ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲ သုံးသပ် ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီးနဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒါက ပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ လူတွေက အရင်ရာသီတွေကလောက် သန်မာခြင်း မရှိတဲ့ မန်စီးတီးတော့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ထပ်မရနိုင်တော့ဘူးလို့ ပြောနေကြပေမယ့် ဘောလုံးရာသီ အကုန်တိုင်း သူတို့ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တာကို ကျနော်တို့ အားလုံး သိပါတယ်။
လီဗာပူးကို မန်စီးတီးတို့ ရှုံးသွားခဲ့ရင် အမှတ်ပေးဖလားအတွက်က အသင်းကြီးတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်သွားမယ်။ ဒါပေမယ့် စီးတီးက ဒီပွဲကို အနိုင်ရမယ်ဆိုရင် ကျန်တဲ့ ကလပ်တွေအတွက် စိတ်ပူမိပါတယ်။
နိုင်ငံပွဲတွေကြောင့် တောင်အမေရိက ကစားသမားတွေ အများကြီး နောက်ကျပြီးမှ ပြန်လာရမှာဆိုတော့ လီဗာပူးက အကောင်းဆုံး အခြေအနေမှာ ရှိမနေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လီဗာပူး တိုက်စစ်က သိပ်ကောင်းတဲ့ ရွေးချယ်စရာတွေ ရှိပါတယ်။ သူတို့ တိုက်စစ်သမားတွေက ဂိုးတွေ အများကြီး သွင်းထားပါတယ်။
ဟာလန်း ကြံ့ခိုင်နေရင် စီးတီးက အနည်းငယ် အသာစီးရမယ် ထင်ပါတယ်။ ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ကြရမှာပါ။ နှစ်သင်း နည်းပြတွေက တိုက်စစ်အားသန်တွေ ကစားကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် စီးတီးကို အိမ်ကွင်းမှာ ရင်ဆိုင်ရတာက ခက်ခဲပါမယ်။
လီဗာပူးက ရွေးချယ်ဖို့ရာ ခေါင်းကိုက်စရာတွေ ရှိနေတယ်။ ကိုစတက်ကို ကျော်ပြီး ဂိုးမက်စ်ကို ဘယ်ခြမ်းမှာ ထား ကစားစေရမှာဖြစ်တယ်။ ကွင်းလယ်မှာ ဝါတာရု ပါဝင်လာပြီး မက်ကယ်လစ္စတာက နံပါတ် ၈ နေရာ ဝင်ယူမယ် ထင်ပါတယ်။ စီးတီးကို အနိုင်ရဖို့ဆိုရင် ဘောလုံးတွေ များများပေးနိုင်ဖို့ လိုပါတယ်။
အရာရာတိုင်းကို စဉ်းစားကြည့်တဲ့ အချိန်မှာ မန်စီးတီးကပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ ဖလားပြိုင်ဘက် အသင်းကို အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး ၂-၁ လီဗာပူူး။