သရဲနီ ဂန္တဝင်ကြီး ဂျပ်စတမ်းကိုယ်တိုင် နှိုင်းယှဉ်ပြတဲ့ ပေါလ်စခိုးနဲ့ ဖာနန်ဒက်စ်ကြား တူညီမှု တစ်ခု

သရဲနီ အကျော်အမော်ဟောင်းကြီး ဂျပ်စတမ်းက ကလပ်အသင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဂန္တဝင်ကြီး ပေါလ်စခိုးနဲ့ ဆင်တူမှုတွေ အများကြီးရှိတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ၂ ပွဲပဲ ကစားပေးထားရပေမယ့်လည်း သူ့ထံကနေပြီး စခိုးလိုဖြစ်လာမယ့် အလားအလာတွေ မြင်နေရတယ်လို့ စတမ်းက ဆိုတာပါ။ စတမ်းဟာ ယူနိုက်တက်နဲ့အတူ အမှတ်ပေးဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ်တို့ကို အနိုင်ရခဲ့ဖူးသူဖြစ်တယ်။

ဂျပ်စတမ်းက ” ဖာနန်းက်စ်က ပေါလ်စခိုးနဲ့ ဆင်တူတယ်လို့ ကျနော် မြင်တယ်။ ဘာလို့လည်းဆိုတော့ သူက အမြဲ တိုက်စစ်လိုက်လိုစိတ်ရှိတယ်၊ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖာနန်ဒက်စ်က တည်ကန်ဘောတွေ ကောင်းသလို ထူးချွန်တဲ့ ဘောလုံးပေးမှုတွေလည်း လုပ်နိုင်ပါတယ်။

သူက ဘောလုံးပေးနိုင်ခွင့်အတွက် စောင့်ကြည့်မှုတွေ လုပ်နေတတ်ပြီး ပွဲကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ သူနဲ့ ပေါလ်စခိုးက ထပ်တူကျအောင် တူညီနေတာတော့ မဟုတ်ပါဘူး။ စခိုးက ဘောလုံးမရှိချိန်တွေမှာ ပိုမို တိုက်ခိုက်လိုစိတ် ပြင်းထန်တယ်။ ဒါပေမယ့် ဘောလုံး ဉာဏ်ရည်မှာတော့ သူတို့နှစ်ဦးက တူညီမှု ရှိပါတယ် ” လို့ နှိုင်းယှဉ်ခဲ့တာဖြစ်တယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပေါ်တူဂီကလပ်ကနေ ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူဟာ ယူနိုက်တက်အတွက် နှစ်ပွဲ ပွဲထွက်ထားပြီး ဝုဗ်နဲ့ပွဲကို သရေကျခဲ့ကာ ချယ်ဆီးနဲ့ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့တယ်။ ဖာနန်ဒက်စ်ဟာ အဆိုပါ ပွဲနှစ်ပွဲလုံးမှာ အကောင်းဆုံး ကစားသမားဆုရတဲ့ထိ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ZAWGYI

သရဲနီ အေက်ာ္အေမာ္ေဟာင္းၾကီး ဂ်ပ္စတမ္းက ကလပ္အသင္း ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ဂႏၱဝင္ၾကီး ေပါလ္စခိုးနဲ႔ ဆင္တူမႈေတြ အမ်ားၾကီးရွိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္အတြက္ ၂ ပြဲပဲ ကစားေပးထားရေပမယ့္လည္း သူ႔ထံကေနျပီး စခိုးလိုျဖစ္လာမယ့္ အလားအလာေတြ ျမင္ေနရတယ္လို႔ စတမ္းက ဆိုတာပါ။ စတမ္းဟာ ယူႏုိက္တက္နဲ႔အတူ အမွတ္ေပးဖလား ၃ ၾကိမ္၊ ခ်န္ပီယံလိဂ္ ၁ ၾကိမ္နဲ႔ အက္ဖ္ေအဖလား ၁ ၾကိမ္တို႔ကို အႏုိင္ရခဲ့ဖူးသူျဖစ္တယ္။

ဂ်ပ္စတမ္းက ” ဖာနန္းက္စ္က ေပါလ္စခိုးနဲ႔ ဆင္တူတယ္လို႔ က်ေနာ္ ျမင္တယ္။ ဘာလို႔လည္းဆိုေတာ့ သူက အျမဲ တိုက္စစ္လိုက္လိုစိတ္ရွိတယ္၊ ဂိုးသြင္းႏုိင္စြမ္းရွိတဲ့ စြမ္းရည္ကိုလည္း ပိုင္ဆုိင္ထားပါတယ္။ ဖာနန္ဒက္စ္က တည္ကန္ေဘာေတြ ေကာင္းသလို ထူးခၽြန္တဲ့ ေဘာလံုးေပးမႈေတြလည္း လုပ္ႏုိင္ပါတယ္။

သူက ေဘာလံုးေပးႏုိင္ခြင့္အတြက္ ေစာင့္ၾကည့္မႈေတြ လုပ္ေနတတ္ျပီး ပြဲကို လႊမ္းမိုးႏုိင္စြမ္း ရွိပါတယ္။ သူနဲ႔ ေပါလ္စခိုးက ထပ္တူက်ေအာင္ တူညီေနတာေတာ့ မဟုတ္ပါဘူး။ စခိုးက ေဘာလံုးမရွိခ်ိန္ေတြမွာ ပိုမို တိုက္ခိုက္လိုစိတ္ ျပင္းထန္တယ္။ ဒါေပမယ့္ ေဘာလံုး ဥာဏ္ရည္မွာေတာ့ သူတို႔ႏွစ္ဦးက တူညီမႈ ရွိပါတယ္ ” လို႔ ႏိႈင္းယွဥ္ခဲ့တာျဖစ္တယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ကို ေပၚတူဂီကလပ္ကေန ေပါင္ ၆၈ သန္းနဲ႔ ေျပာင္းေရႊ႔လာခဲ့တဲ့ ကြင္းလယ္လူဟာ ယူႏုိက္တက္အတြက္ ႏွစ္ပြဲ ပြဲထြက္ထားျပီး ဝုဗ္နဲ႔ပြဲကို သေရက်ခဲ့ကာ ခ်ယ္ဆီးနဲ႔ပြဲမွာ ၂-၀ နဲ႔ အႏုိင္ရခဲ့တယ္။ ဖာနန္ဒက္စ္ဟာ အဆိုပါ ပြဲႏွစ္ပြဲလံုးမွာ အေကာင္းဆံုး ကစားသမားဆုရတဲ့ထိ ေျခစြမ္းျပႏုိင္ခဲ့သူလည္း ျဖစ္ပါတယ္။