ဒီည မန်စီးတီး – လီဗာပူး ပွဲ ဘယ်လို အဖြေထွက်မလဲ ကြိုတင် သုံးသပ်ဟောကိန်းထုတ်တဲ့ ဘီဘီစီမှ ဆက်တန်

မန်စီးတီးနဲ့ လီဗာပူး အသင်းတို့ဟာ ဒီအပတ် ပရီးမီးယားလိဂ် ပွဲ အဖြစ် စီတီဇင်တို့ရဲ့ အီတီဟက် ကွင်းမှာ ထိပ်တိုက် တွေ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် ကလောင်ရှင် ခရစ်ဆက်တန် က မန်စီးတီးနဲ့ လီဗာပူးတို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီနှစ်သင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ထိပ်ဆုံးမှာ ရှိနေကြမယ့် ကလပ်နှစ်သင်းပဲ ဖြစ်ပါတယ်။ သူတို့ တွေ့ဆုံကြတဲ့ အကြိမ်တိုင်း ဆန်းကျယ်တဲ့ ပွဲစဉ် ဖြစ်လေ့ရှိပါတယ်။

ဆာလာရဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေ ရှိသလို အာဂျင်တီးနားနဲ့ ဘိုလီဗီယားတို့ကို ရင်ဆိုင်ရာမှာ ဒါဝင် နူးညက်စ်က ၃ ဂိုး သွင်းယူထားနိုင်ပါတယ်။

နူးညက်စ်က အခွင့်အရေး အချို့ကိုလည်း လွဲချော်တယ် ဆိုပေမယ့် သူက အသုံးဝင်ပါတယ်။ လီဗာပူးရဲ့ ကောင်တာ-တိုက်စစ် ကစားနိုင်စွမ်းက ချယ်ဆီးတုန်းကလိုပဲ ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

စီးတီးက သူတို့ရဲ့ ပွဲချဉ်းကပ်မှုကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူတို့ ဘောလုံးပိုင်ဆိုင်မှုပိုင်း ထိန်းချုပ်မယ်၊ ကောင်တာ ကနေ လီဗာပူးက နာကျင်အောင် လုပ်မယ်ဆိုတာ သိပေမယ့်လို့ စီးတီးတို့ တိုက်စစ်ကစားမှာပါ။

အိမ်ကွင်း အားသာချက်ကလည်း တကယ်ကိုပဲ အကူအညီ ဖြစ်ပါလိမ့်မယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ အီသီဟက်မှာ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားပြီး အားလုံးကို အနိုင်ရထားပါတယ်။ သူတို့ သရေကျထားတဲ့ နောက်ဆုံးပွဲ ကတောင် ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့တုန်းကပါ။

အဲ့တာကပဲ ဒီပွဲမှာ မန်စီးတီး အသာရမယ်လို့ ကျနော် ထင်တဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဟာလန်း ပါသည်ဖြစ်စေ မပါဘူးဖြစ်စေ ဒီပွဲက အကြိတ်အနယ် ရှိပါလိမ့်မယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်

မန်ချက်စတာ စီးတီး ၂-၁ လီဗာပူး။