ကလပ်ဘရုဂျ်နဲ့ပွဲအတွက် သရဲနီပရိသတ်တွေ အမြင်လိုဆုံး ပွဲထွက် ၁၁ ဦး လူစာရင်း
ဒီကနေ့ည ၁၂း၂၅ မှာတော့ ယူနိုက်တက်ဟာ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
ဒီပွဲမှာတော့ တနင်္လာနေ့က ချယ်ဆီးနဲ့ပွဲကို လွဲချော်ထားတ့ ခံစစ်မှူး လင်ဒီအော့ ပြန်ပါလာနိုင်မှာဖြစ်ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး အစ်ဟာလိုတို့လည်း ပါဝင်နိုင်မှာပါ။ ဒါပေမယ့်လို့ တော်မီနေးနဲ့ ဂရင်းဝုဒ်တို့ကတော့ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိမနေတာကြောင့် ဘယ်ဂျီယံကို လိုက်ပါသွားခွင့် မရထားပါဘူး။
ဒဏ်ရာရနေတဲ့ ရပ်ဖိုဒ့်ကတော့ ရာသီကုန်ထိ အနားယူရမယ်လို့ သိလာရသလို ပေါ့ဘာကလည်း ပြန်ကစားနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။
ဆိုးရှားက ” ရက်ဖို့ဒ်က လ အတော်ကြာ ဆက် အနားယူရဦးမှာပါ။ အစောပိုင်း ဒဏ်ရာ အခြေအနေ စစ်ဆေးတုန်းက မျှော်မှန်းထားတာထက် ကို သူ ပိုပြီး အချိန်ယူ အနားယူရတော့မှာပါ။ ယူရို ၂၀၂၀ ပြိုင်ပွဲ အမှီ ကောင်းလာဖို့ မျှော်လင့်ပေမယ့် ဒီပြိုင်ပွဲမှာ ပါနိုင်ဖို့ မဖြစ်နိုင်ဖို့ ပိုများလာပါပြီ။ ကျနော်ကလည်း ဆရာဝန် တစ်ယောက် မဟုတ်ဘူး။ သူ အမြန်ဆုံး ပြန်ကောင်းလာဖို့ပဲ ဆုတောင်းပေးနိုင်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
ရပ်ဖိုဒ့်ရဲ့ ဒဏ်ရာက ယူနိုက်တက်အတွက် အထိနားပေမယ့် စိတ်ပျက်စရာ အခြေအနေက ပေါ့ဘာရဲ့ အနေအထားဖြစ်တယ်။ ပြင်သစ်သား ကွင်းလယ်လူဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ များနေပြီး ရီးရဲလ်မက်ဒရစ်က ပေါင် သန်း ၅၀ ဈေးဖြတ်ထားတယ်လို့ သတင်းထွက်နေပါတယ်။
ယူနိုက်တက်ဟာ လက်တလောမှာ ကြံ့ခိုင်မှုပိုင်း အကောင်းမြင်နိုင်တဲ့ အနေအထားတွေကို မြင်တွေ့နေရပြီး တွမ်ဇီဘီ၊ ဖိုဆူမန်ဆာတို့ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်နေပါပြီ။
ဒီကနေ့ညပွဲအတွက် ယူနိုက်တက်လူစာရင်းမှာတော့ ဒါလော့နဲ့ ဘိုင်လီတို့ကို နေရာပေးဖို့ အသင်းပရိသတ်တွေ တောင်းဆိုနေကြတာကလွဲပြီး ကျန်လူစာရင်းနဲ့ ပက်သက်လို့ သိပ်ပြီး စောဒကတက်နောတွေ မတွေ့ရဘူး။ ဒါပေမယ့်လို့ ပါရဲရားနဲ့ လင်ဂတ်ကို ထည့်သုံးဖို့နဲ့ ပက်သက်လို့တော့ အမြင်တွေ ကွဲပြားနေကြတာဖြစ်တယ်။
ယူရိုပါလိဂ်နဲ့ပက်သက်ပြီး ယူနိုက်တက် ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး လူစာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
Starting XI: Romero, Williams, Maguire, Bailly, Dalot, Fred, Matic, Bruno Fernandes, Martial, James, Ighalo.
ZAWGYI
ဒီကေန႔ည ၁၂း၂၅ မွာေတာ့ ယူႏုိက္တက္ဟာ ဘယ္ဂ်ီယံကလပ္ ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့ကို ယွဥ္ျပိဳင္ကစားမွာျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ တနလၤာေန႔က ခ်ယ္ဆီးနဲ႔ပြဲကို လြဲေခ်ာ္ထားတ့ ခံစစ္မွဴး လင္ဒီေအာ့ ျပန္ပါလာႏုိင္မွာျဖစ္ျပီး ကြင္းလယ္လူ ဖာနန္ဒက္စ္နဲ႔ တိုက္စစ္မွဴး အစ္ဟာလိုတို႔လည္း ပါဝင္ႏုိင္မွာပါ။ ဒါေပမယ့္လို႔ ေတာ္မီေနးနဲ႔ ဂရင္းဝုဒ္တို႔ကေတာ့ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားမွာ ရွိမေနတာေၾကာင့္ ဘယ္ဂ်ီယံကို လိုက္ပါသြားခြင့္ မရထားပါဘူး။
ဒဏ္ရာရေနတဲ့ ရပ္ဖိုဒ့္ကေတာ့ ရာသီကုန္ထိ အနားယူရမယ္လို႔ သိလာရသလို ေပါ့ဘာကလည္း ျပန္ကစားႏုိင္ဖို႔ မျဖစ္ႏုိင္ေသးပါဘူး။
ဆိုးရွားက ” ရက္ဖို႔ဒ္က လ အေတာ္ၾကာ ဆက္ အနားယူရဦးမွာပါ။ အေစာပိုင္း ဒဏ္ရာ အေျခအေန စစ္ေဆးတုန္းက ေမွ်ာ္မွန္းထားတာထက္ ကို သူ ပိုျပီး အခ်ိန္ယူ အနားယူရေတာ့မွာပါ။ ယူရို ၂၀၂၀ ျပိဳင္ပြဲ အမွီ ေကာငး္လာဖို႔ ေမွ်ာ္လင့္ေပမယ့္ ဒီျပိဳင္ပြဲမွာ ပါနုိင္ဖို႔ မျဖစ္နုိင္ဖို႔ ပိုမ်ားလာပါျပီ။ က်ေနာ္ကလည္း ဆရာ၀န္ တစ္ေယာက္ မဟုတ္ဘူး။ သူ အျမန္ဆံုး ျပန္ေကာင္းလာဖို႔ပဲ ဆုေတာင္းေပးနုိင္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။
ရပ္ဖိုဒ့္ရဲ႕ ဒဏ္ရာက ယူႏုိက္တက္အတြက္ အထိနားေပမယ့္ စိတ္ပ်က္စရာ အေျခအေနက ေပါ့ဘာရဲ႕ အေနအထားျဖစ္တယ္။ ျပင္သစ္သား ကြင္းလယ္လူဟာ ယူႏုိက္တက္ကေန ထြက္ခြာဖို႔ မ်ားေနျပီး ရီးရဲလ္မက္ဒရစ္က ေပါင္ သန္း ၅၀ ေစ်းျဖတ္ထားတယ္လို႔ သတင္းထြက္ေနပါတယ္။
ယူႏုိက္တက္ဟာ လက္တေလာမွာ ၾကံ႕ခိုင္မႈပိုင္း အေကာင္းျမင္ႏုိင္တဲ့ အေနအထားေတြကို ျမင္ေတြ႔ေနရျပီး တြမ္ဇီဘီ၊ ဖိုဆူမန္ဆာတို႔ အသင္းနဲ႔အတူ ျပန္လည္ ေလ့က်င့္ေနပါျပီ။
ဒီကေန႔ညပြဲအတြက္ ယူႏုိက္တက္လူစာရင္းမွာေတာ့ ဒါေလာ့နဲ႔ ဘိုင္လီတို႔ကို ေနရာေပးဖို႔ အသင္းပရိသတ္ေတြ ေတာင္းဆိုေနၾကတာကလြဲျပီး က်န္လူစာရင္းနဲ႔ ပက္သက္လို႔ သိပ္ျပီး ေစာဒကတက္ေနာေတြ မေတြ႔ရဘူး။ ဒါေပမယ့္လို႔ ပါရဲရားနဲ႔ လင္ဂတ္ကို ထည့္သံုးဖို႔နဲ႔ ပက္သက္လို႔ေတာ့ အျမင္ေတြ ကြဲျပားေနၾကတာျဖစ္တယ္။
ယူရိုပါလိဂ္နဲ႔ပက္သက္ျပီး ယူႏုိက္တက္ ပရိသတ္ေတြၾကားမွာ ေရပန္းအစားဆံုး လူစာရင္းက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
Starting XI: Romero, Williams, Maguire, Bailly, Dalot, Fred, Matic, Bruno Fernandes, Martial, James, Ighalo.