မနှစ်က စီးတီးတို့ ဖလား ၃ လုံးရခဲ့သလို အရည်အချင်းကြောင့် ဒီရာသီ အာဆင်နယ် ချန်ပီယံဖြစ်မယ်လို့ နဗီး သုံးသပ်
ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ချေက မန်စီးတီးထက် အာဆင်နယ်မှာ ပိုများပြားတယ်လို့ ဂယ်ရီနဗီးက ဆိုလာပါတယ်။
၂၀၂၃ မှာ ဘောလုံးရာသီ ၄ ချိုး ၃ ချိုးထိ အာဆင်နယ်အသင်း ဦးဆောင်နိုင်ခဲ့ပေမယ့် ဂွာဒီယိုလာဦးဆောင်တဲ့ စီးတီးကပဲ ဖလား ၃ လုံးထဲက တစ်ခု အပါအဝင်အဖြစ် ပရီးမီးယားလိဂ် ဖလားကိုပါ အောင်မြင်ခဲ့တာပါ။
နောက်ဆုံး ရာသီသိမ်းချိန်မှာ အာဆင်နယ်က ဖိအားတွေကို တွန်းလှန်ဖို့ မရုန်းထနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီမှာတော့ အာဆင်နယ်က မနှစ်ကထက် ပိုမာကျောပြီး ပိုသန်မာလာတယ်လို့ နဗီးက မြင်ပါတယ်။
‘ ကျနော် အမြင်မှာတော့ အရင်နှစ်တွေထက်စာရင် ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလား ပိုရနိုင်ချေရှိပါတယ်။ သူတို့ဟာ မနှစ်ကလောက် မကစားနိုင်သေးပေမယ့် ရမှတ်တွေ ရယူထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလောက် ဆွဲဆောင်မှု မရှိပေမယ့် မနှစ်တုန်းက စီးတီးတို့ ဖလား ၃ လုံး အနိုင်ရဖူးတာပဲလေ။ အဲ့လိုပဲ အာဆင်နယ်ကလည်း ဒီရာသီမှာ ဖလား အောင်မြင်နိုင်မယ်လို့ မြင်ပါတယ်။
မဆုတ်မနစ်ရှိခြင်းနဲ့ ခံနိုင်ရည်ရှိခြင်းတွေ ပေါင်းစပ်ထားမှုမျိုး မပါဝင်ပါဘဲ ဘောလုံး ကောင်းကောင်းကစားနေရုံနဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲ့အပိုင်းတွေအတွက် ဒီရာသီမှာ အာဆင်နယ်က ပိုကောင်းလာနေတယ်။
အာဆင်နယ်က တကယ်ကို ခြိမ်းခြောက်နိုင်ဖို့ လုပ်နိုင်စွမ်းနဲ့ အင်အားရှိပါတယ်။ ဒီလိုပြောတာတွေက အဓိပ္ပာယ် မရှိတာတွေလည်း ဖြစ်နိုင်ပေမယ့် ဘောလုံးရာသီ သုံးချိုးတစ်ချိုး အပြီးမှာ ဒါတွေပဲ ကျနော် မြင်ထားပါတယ် ‘ လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။