စီးတီးရဲ့ ကမ္ဘာ့အဆင့် ကစားသမား အကောင်းဆုံး အချိန်တွေ ကျော်သွားပါပြီ သတိပေးလာတဲ့ ဂွာဒီယိုလာ

နည်းပြဂွာဒီယိုလာက ကလပ်ရဲ့ ထိပ်တန်း ကစားသမား ဒီဘရိုင်းရဲ့ အကောင်းဆုံး အချိန်တွေ ကုန်ဆုံးသွားပြီလို့ ထုတ်ပြောလာပါတယ်။

အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ ဒီရာသီစတည်းက တံကောက်ကြော ဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။ သူမပါနိုင်ခြင်းကြောင့် ဒီရာသီ စီးတီးရဲ့ ကစားဟန်ဟာ ဒီနှစ်တွေအတွင်း စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ရင် လိုအပ်ချက် ကြီးမားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးအဖြစ် ဒီရာသီ ကလပ် ၅ သင်းက ထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်လာနေကြတာဟာ ဒီဘရိုင်း မပါဝင်လို့ မန်စီးတီး ကျဆင်းလာခြင်းကြောင့်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ဂွာဒီယိုလာကတော့ ” ဒီဘရိုင်းက သူ့ ဇန်နဝါရီမှ ကစားနိုင်မယ်လို့ ပြောရင် ဇန်နဝါရီမှပဲ သူ ကစားပါလိမ့်မယ်။ ကျွန်တော့်ကတော့ ဖြစ်နိုင်ရင် သူ့ကို တစ်ရာသီလုံး အသုံး ပြုချင်တာပါ။ သူ ဇန်နဝါရီမှာ ကစားနိုင်မယ်ဆိုရင် အားလုံးပျော်ရပါလိမ့်မယ်။

ဒီဘရိုင်းအနေနဲ့ အခုလို အချိန်အကြာကြီး အနားယူနေရတာက သူ့ အတွက် ကောင်းတယ်လို့ မထင်ပါဘူး။ ပြီးတော့ သူက ၂၁ နှစ်သား လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး။ ကံမကောင်းစွာပဲ သူ့ရဲ့ အကောင်းဆုံးအချိန်တွေဟာ ကုန်ဆုံးသွားပါပြီ။

လက်ရှိမှာ သူ ဒဏ်ရာရနေပြီး ပြန်ကောင်းဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့အနေနဲ့ သူ ဒဏ်ရာက ပြန်ကောင်းလာရင်တောင် ချက်ချင်းအသုံးပြုဖို့ စောင့်ကြည့်ရဦးမှာပါ ” ဟု ပြောကြားခဲ့သည်။