ပက် ဂွာဒီယိုလာကို လုံးဝ ထိသွားစေခဲ့တဲ့ အဆိုးဝါးဆုံး အရေးနိမ့်ပွဲ က ဘယ်ပွဲလဲ ဆိုတာ ပေါ်ထွက်လာ
‘Pep’s City’ စာအုပ်ရဲ့ ဗားရှင်းအသစ်မှာ မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာ ရဲ့ အဆိုးရွားဆုံးသော အရေးနိမ့်မှုကို ဖော်ပြထားပါတယ်။
၂၀၁၉ တွင် တော့တင်ဟမ်နှင့် ၂၀၂၂ တွင် ရီးရဲလ်မက်ဒရစ်တို့ အပါအဝင် ချန်ပီယံလိဂ်ဖိုင်နယ် ရှုံးပွဲများနှင့် ပရီးမီးယားလိဂ်တွင် လီဗာပူး၊ ယူနိုက်တက်၊ တော့တင်ဟမ်တို့နှင့် ခက်ခဲတဲ့ ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့သော်လည်း ဂွါဒီယိုလာအတွက် ထိသွားတဲ့ ဆုံးရှုံးမှုက ၂၀၂၀ မှာ လိုင်ယွန်ကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်တယ်လို့ အဆိုပါ စာအုပ်မှာ ဖော်ပြထားပါတယ်။
ပိုလ်ဘယ်လက်စ် နှင့် လူမာတင်တို့ရဲ့ ‘Pep’s City: The Making of a Superteam’ ရဲ့ ပြန်လည် ပြင်ဆင် ထားသော ထုတ်ဝေမှုတွင် လီဂူးဝမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ လကပ်အတွင်းပိုင်းအချက်အလတ်များကို အသေးစိတ် ဖော်ပြထားတာပါ။
စာအုပ်ပါ ဖော်ပြချက်များ အရ ၂၀၂၀ ခုနှစ်သြဂုတ်လ ၁၅ ရက်နေ့တွင်လစ္စဘွန်းရှိ ဂျိုဆေး အယ်ဗာလာဒီ အားကစားကွင်းတွင် ရှုံးနိမ့်ခြင်းက၂၀၁၇ တွင်မိုနာကို ၂၀၁၈ တွင်လီဗာပူး၊ ၂၀၁၉ တွင် တော့တင်ဟမ်တို့ကို ရှုံးနိမ့်ခြင်းထက် ပိုပြီး ဆိုးရွားခဲ့ပါတယ်။
ကလပ်၏အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက “အဲဒါဟာ အပျက်အစီးတွေထဲက တစ်ခုပါ။ ပက်က သူ့ကိုယ်သူ အပြစ်တင်ပြီး ဥက္ကဋ္ဌကသာ ကြားဝင်မဖြေရှင်းရင် ရာထူးက နုတ်ထွက်ဖို့ ကမ်းလှမ်းထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပွဲပြီးပြီးချင်း ဥက္ကဌက အခန်းထဲဝင်ပြီး ခက်ခဲတဲ့ညတစ်ညပါပဲ။
ဒါပေမယ့် ငါတို့ဒီကနေ ပြန်လာနိုင်မှာပါ၊ ဒါက ငါတို့အသင်းရဲ့ နှစ်မဟုတ်ပေမယ့် အချိန်တွေကို မခေါက်ထားသရွေ့ ငါတို့အချိန်ရောက်လာပါလိမ့်မယ်။ အခုအချိန်မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိဖို့လိုတယ်လို့ပြောလိုက်တဲ့ ပက်က အံ့အားသင့်သွားခဲ့ရပါတယ်” လို့ ပြောထားပါတယ်။
မန်စီးတီးဟာ ကိုဗစ်ရောဂါကြောင့် သက်ရောက်မှုရှိခဲ့တဲ့ ရာသီကနေ ပြန်လည် ရုန်းထလာကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သုံးကြိမ် ဆက်တိုက် ဆွတ်ခူးကာ ၂၀၂၃-၂၄ ရာသီတွင် အသင်းရဲ့ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။