မတ်ဒီဆန်နဲ့ ဂရီလစ် ထဲက သူဆိုရင် ဘယ်သူ့ကိုပဲ ခေါ်ယူမလဲ ပွင့်ပွင့်လင်းလင်းဖြေတဲ့ ဂျပ်စတမ်း
ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ထက် လက်စတာကွင်းလယ်လူ မတ်ဒီဆန်ပဲ ခေါ်ယူသင့်တယ်လို့ ဂျပ်စတမ်းက ဆိုလိုက်ပါတယ်။
သရဲနီခံစစ်မှူးဟောင်းကြီးကတော့ ဂရီလစ်ဟာ ယူနိုက်တက်အတွက် ကွင်းလယ်တိုက်စစ်နေရာမှာကော တောင်ပံနေရာမှာပါ အံဝင်မယ့်သူ မဟုတ်ဘူးလို့ မြင်ပါတယ်။ ယူနိုက်တက်ဟာ နှစ်ဦးလုံးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတာဖြစ်ပြီး ကလပ်အသင်းကို ပြောင်းလာဖို့ကလည်း နှစ်ဦးလုံး စိတ်ဝင်စားနေတာဖြစ်တယ်။
ဂျပ်စတမ်းက “ ကျနော် မတ်ဒီဆန်ကို အများကြီး သဘောကျပါတယ်။ သူက ဘောလုံးကို သက်သောင့်သက်သာ ကစားနိုင်တဲ့ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး သေချာတဲ့ နေရာတစ်ခုကို တာဝန်ယူနိုင်ပြီး အခြားသော နေရာတွေကိုလည်း ပါဝင်ကူညီနိုင်သူဖြစ်တယ်။ သူက အသင်းဖော်တွေအတွက် အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းတင်မကပဲ သွင်းဂိုးတွေလည်း ရယူနိုင်ပါတယ်။
ဂရီလစ်ကတော့ ကျနော် အမြင်မှာ တောင်ပံသမားတစ်ဦး ပိုဆန်ပါတယ်။ ယူနိုက်တက်အတွက် ဂရီလစ်လို ကစားသမားထက်စာရင် အရှိန်နဲ့အတူ တိုက်စစ်ကို တိုက်ရိုက်ကစားနိုင်တဲ့ တောင်ပံသမားပဲ လိုအပ်တယ်။ သူက ကျဉ်းမြောင်းတဲ့ ဧရိယာတေါမှာ ကစားနိုင်လို့ အရေးကြီးတဲ့ ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ယူနိုက်တက်အတွက် မတ်ဒီဆန်ပဲ လိုချင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နွေမှာတော့ ကွင်းလယ်လူ ပေါ့ဘာကို လက်လွတ်သွားဖွယ်ရှိသလို မာတစ်၊ မာတာကလည်း အရွယ်ရလာပြီဖြစ်လို့ ကွင်းလယ်ကို ပိုမိုအင်အားဖြည့်ဖို့ လိုအပ်နေတာပါ။ လက်စတာနဲ့ စာချုပ်ကိစ္စ အဆင်မပြေသေးတဲ့ မတ်ဒီဆန်ကို ယူနိုက်တက်က ခေါ်ယူလိုရင် ပေါင် ၇၀ သန်းဝန်းကျင် ပေးရမယ်လို့ ကြားထားရပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ေႏြအေျပာင္းအေရႊ႔မွာ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ထက္ လက္စတာကြင္းလယ္လူ မတ္ဒီဆန္ပဲ ေခၚယူသင့္တယ္လို႔ ဂ်ပ္စတမ္းက ဆိုလိုက္ပါတယ္။
သရဲနီခံစစ္မွဴးေဟာင္းၾကီးကေတာ့ ဂရီလစ္ဟာ ယူႏုိက္တက္အတြက္ ကြင္းလယ္တိုက္စစ္ေနရာမွာေကာ ေတာင္ပံေနရာမွာပါ အံဝင္မယ့္သူ မဟုတ္ဘူးလို႔ ျမင္ပါတယ္။ ယူႏုိက္တက္ဟာ ႏွစ္ဦးလံုးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ေနတာျဖစ္ျပီး ကလပ္အသင္းကို ေျပာင္းလာဖို႔ကလည္း ႏွစ္ဦးလံုး စိတ္ဝင္စားေနတာျဖစ္တယ္။
ဂ်ပ္စတမ္းက “ က်ေနာ္ မတ္ဒီဆန္ကို အမ်ားၾကီး သေဘာက်ပါတယ္။ သူက ေဘာလံုးကို သက္ေသာင့္သက္သာ ကစားႏုိင္တဲ့ ကြင္းလယ္လူတစ္ဦးျဖစ္ျပီး ေသခ်ာတဲ့ ေနရာတစ္ခုကို တာဝန္ယူႏုိင္ျပီး အျခားေသာ ေနရာေတြကိုလည္း ပါဝင္ကူညီႏုိင္သူျဖစ္တယ္။ သူက အသင္းေဖာ္ေတြအတြက္ အခြင့္အေရး ဖန္တီးေပးႏုိင္စြမ္းတင္မကပဲ သြင္းဂိုးေတြလည္း ရယူႏုိင္ပါတယ္။
ဂရီလစ္ကေတာ့ က်ေနာ္ အျမင္မွာ ေတာင္ပံသမားတစ္ဦး ပိုဆန္ပါတယ္။ ယူႏုိက္တက္အတြက္ ဂရီလစ္လို ကစားသမားထက္စာရင္ အရွိန္နဲ႔အတူ တိုက္စစ္ကို တိုက္ရိုက္ကစားႏုိင္တဲ့ ေတာင္ပံသမားပဲ လိုအပ္တယ္။ သူက က်ဥ္းေျမာင္းတဲ့ ဧရိယာေတါမွာ ကစားႏုိင္လို႔ အေရးၾကီးတဲ့ ကစားသမားလည္း ျဖစ္လာႏုိင္ပါတယ္။ ဒါေပမယ့္ က်ေနာ္ကေတာ့ ယူႏုိက္တက္အတြက္ မတ္ဒီဆန္ပဲ လိုခ်င္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ ေႏြမွာေတာ့ ကြင္းလယ္လူ ေပါ့ဘာကို လက္လြတ္သြားဖြယ္ရွိသလို မာတစ္၊ မာတာကလည္း အရြယ္ရလာျပီျဖစ္လို႔ ကြင္းလယ္ကို ပိုမိုအင္အားျဖည့္ဖို႔ လိုအပ္ေနတာပါ။ လက္စတာနဲ႔ စာခ်ဳပ္ကိစၥ အဆင္မေျပေသးတဲ့ မတ္ဒီဆန္ကို ယူႏုိက္တက္က ေခၚယူလိုရင္ ေပါင္ ၇၀ သန္းဝန္းက်င္ ေပးရမယ္လို႔ ၾကားထားရပါတယ္။