မန်စီးတီး vs စပါးပွဲက ၄ ဂိုးထိ ပြတ်မယ်ဆိုလာတဲ့ နာမည်ကျော် ဘောလုံးပွဲ ခန့်မှန်းသူ ပေါလ်မာဆန်

မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ တော့တင်ဟမ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ည ၁၁ နာရီ အချိန်၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဝါရင့် သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်စီးတီး – စပါးတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။

” စပါးအသင်း ပိုင်ဆိုင်ထားတဲ့ ဒဏ်ရာရ ကစားသမားတွေအရ သူတို့ မန်စီးတီးကို ဘယ်လိုမှ မနိုင်နိုင်ပါဘူး။ ကျနော်သာ စပါးပရိသတ်ဆိုရင် ဒီပွဲကစားဖို့ စိတ်ပူနေမှာပါ။

သူတို့ စီးတီးကို ပြဿနာအချို့ ပေးနိုင်မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ အပတ်ပွဲတုန်းကလို ဆိုရင် စပါးတော့ ဒုက္ခတောထဲ ရောက်ပါလိမ့်မယ်။

စပါးအသင်းက အင်ပြည့်အားပြည့် ကစားမယ်ဆိုရင် ဒီပွဲက သိပ်ကောင်းမှာပါ။ စပါးရဲ့ ပြဿနာက အရန်ကစားသမား အများအပြားက ပွဲထွက်ကစားနေရတာပါ။ သူတို့က အတော်လေး ကံဆိုးပါတယ်။ နည်းပြ ပေါ့စတီကိုဂလူက သူ့အသင်းကို စည်းစနစ်ကျကျ ထိန်းသိမ်းပြီး မန်စီးတီးကို ရင်ဆိုင်စေမှာပါ။ ” မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ စီးတီး ၄-ဝ တော့တင်ဟမ် စပါး ဖြစ်ပါတယ်။