ဒီကနေ့ည မန်စီးတီးနဲ့ စပါး ထိပ်တိုက်တွေ့တဲ့ ပွဲကောင်းအတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်း ရလဒ်

မန်စီးတီးဟာ ပရီးမီးယားလိဂ် အသင်းကောင်း တစ်သင်းဖြစ်တဲ့ စပါးကို အိမ်ကွင်းမှာ ဧည့်ခံကစားရပါလိမ့်မယ်။

အဆိုပါ ပွဲစဉ်အတွက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်းချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

” တော်တင်ဟမ်က ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ထားတယ်၊ ပထမနေရာကို ရောက်ခဲ့သလို နိုင်ပွဲပြီးရင်း နိုင်ပွဲရခဲ့ပေမယ့် ရှုံးပွဲ တစ်ပွဲက အရာအားလုံးကို ပြောင်းလဲခဲ့ပါတယ်။ အဲ့နောက် ဒဏ်ရာ ပြဿနာတွေ ဆက်တိုက် ရင်ဆိုင်လာခဲ့ရတယ်။

တော်တင်ဟမ်ရဲ့ လက်တလော ပုံစံနဲ့ ဒဏ်ရာ စာရင်းတွေအရ စီးတီးပဲ အနိုင်ရပါလိမ့်မယ်။ အခုချိန်မှာ စီးတီးမှာက ပြဿနာ မရှိပါဘူး။ စီးတီးမှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့ရင်လည်း အစားထိုးဖို့ရာ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။

စပါးလို ခက်ခဲတဲ့ အခြေအနေမျိုး ရင်ဆိုင်ရရင်တောင် နည်းပြက သူ့ကစားသမားတွေကို လှုံ့ဆော်ပေးရမှာပါ။ စီးတီးက ဒီပွဲ အနိုင်ရဖို့ ရေပန်းစားသလို ရမှတ်တွေ ယူနိုင်ကြောင်း အရင်တည်းက သက်သေပြထားပြီးပါပြီ။ ” လို့ ဘာဘာတော့ဗ်က သုံးသပ်သွားခဲ့ပါတယ်။

ဒီပွဲအတွက် ဘာဘာတော့ဗ် ခန့်မှန်းရလဒ်ဟာ မန်စီးတီး 3-2 စပါး ပဲဖြစ်ပါတယ်။