၆ ဂိုးထိ မြင်ခဲ့ရတဲ့ အီတီဟက်ပွဲမှာ နိုင်ခဲ့သင့်တာက စပါးလို့ ပွဲအပြီး ပြောဆိုတဲ့ ပြိုင်ဘက် ကစားသမား

မန်စီးတီးနဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပေမယ့် စပါး ကစားသမား ကူလူဆက်ဗ်စကီးကတော့ သူတို့အသင်းက အနိုင်ယူခဲ့သင့်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

အိမ်ရှင် မန်စီးတ်ီးအသင်းက ၃လဂိုး ၂ ဂိုးနဲ့ ဦးဆောင်ထားနေချိန် ပွဲပြီးခါနီး မိနစ် ၉၀ လောက်မှာ ကူလူဆက်ဗ်စကီးက စပါးအသင်းအတွက် တတိယမြောက် ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။

“ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ကျွန်တော်တို့တွေ အခွင့်အရေးတွေ လုံလုံလောက်လောက် ရရှိခဲ့တာကြောင့် အနိုင်ရချင်ခဲ့ပါတယ်။ ဒုတိယပိုင်းထဲ မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုးတွေ ပြသနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အသင်းဖော်တွေအတွက် တကယ် ဂုဏ်ယူမိပါတယ်။ ပွဲက အတော်လေး ခက်ခဲခဲ့ပါတယ်။ တတိယ ဦးဆောင်ဂိုး ပေးလိုက်ရတာကတော့ တကယ် ဆိုးရွားလွန်းပါတယ်။

နည်းပြကြီးကတော့ ကျွန်တော်တို့ရဲ့ ပထမပိုင်း ကစားပုံနဲ့ ပတ်သက်ပြီး ဒေါသထွက်နေသေးတယ်။ သူက ကျွန်တော်တို့ကို သေချာကစားဖို့ မှာကြားခဲ့ပါတယ် ” လို့ ကူလူဆက်ဗ်စကီးက ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် သရေကျခဲ့ရပြီ ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်အကွာ တတိယနေရာကို ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။