အရင်ဖြစ်ရပ်တွေနဲ့ ယှဉ်ပြီး ဟာလန်းကို ပွဲပယ်ဖို့ တောင်းဆိုနေကြတဲ့ လီဗာပူးနဲ့ အာဆင်နယ် ပရိသတ်များ

စပါးကို ၃-၃ သရေကျပြီးနောက် မန်စီးတီးတို့ ၆ ရာသီအတွင်း အဆိုးရွားဆုံး တာထွက်မှုကို ရင်ဆိုင်နေရချိန်မှာ ဟာလန်းကလည်း အသိစိတ် လွတ်သွားခဲ့ဟန် ရှိပါတယ်။

ဂရီလစ်ရဲ့ အခွင့်အရေးကို ရပ်တန့်ခဲ့တဲ့ ဒိုင်လူကြီး ဆိုင်မွန်ဟူပါကို ဒေါသတကြီး တုန့်ပြန်ရာမှာ ဟာလန်းဟာ ဒိုင်လက်ကို သွားဆွဲခဲ့သလို ကွင်းထဲက ထွက်ခွာချိန် စပါး ကစားသမားတွေနဲ့ တွန်းတိုက်မှု ဖြစ်ခဲ့ပါတယ်။

ဟာလန်းက ဟူပါကို ဦးတည်ပြီး ‘F*** off! F*** off!’ လို့ အော်ဟစ်နေမှုကြောင့် အဝါကဒ် ပြသခြင်းလည်း ခံခဲ့ရတယ်။ သူရဲ့ ဒေါသက အဆုံးမသတ်နိုင်ဘဲ ပွဲအပြီး X လူမှုကွန်ယက်ကနေ ‘what the f***’ လို့ ဂရီလစ်ဖြစ်ရပ်နဲ့တကွ ရေးတင်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ သက်ဆိုင်ရာ ကစားသမားတွေကို ထိန်းချုပ်ဖို့ရာ ပျက်ကွက်ခြင်းကြောင့် အက်ဖ်အေရဲ့ အရေးယူခြင်းကို ရင်ဆိုင်ထားရပြီးပါပြီ။

လီဗာပူးပရိသတ်တွေက သူတို့ အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ဒီရာသီ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲမှာ အနီကဒ်ဖြင့် ထုတ်ပယ်ခံရချိန် ဒိုင်ဆုံးဖြတ်ချက်ကို ဆဲဆိုခဲ့တာအတွက် နောက်ဆက်တွဲ ၁ ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရခြင်းနဲ့ နှိုင်းယှဉ်ပြလာခဲ့တယ်။

အာဆင်နယ် ပရိသတ်တွေကတော့ မနှစ်တုန်းက ဒိုင်လူကြီးကို တုန့်ပြန်ပုံ ကြမ်းတမ်းခဲ့လို့ ၈ ပွဲပယ်ခံရတဲ့ ဖူလ်ဟမ် တိုက်စစ်သမား မီထရိုဗစ်ရဲ့ ဖြစ်ရပ်ကို ဖော်ပြလာပြီး ဟာလန်းကိုလည်း ပွဲပယ်ပြစ်ဒဏ် သေချာပေးကာ စည်းမျဉ်းစည်းကမ်း အတိုင်း လုပ်ဆောင်ဖို့ အက်ဖ်အေကို တိုက်တွန်းနေပြီ ဖြစ်ပါတယ်။