ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲ မတိုင်ခင် နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ
ဒေါ့မွန် တောင်ပံတိုက်စစ်သမား ဆန်ချိုကို ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး မြင့်မြင့်သုံးကာ ခေါ်ယူနိုင်ပါက အသင်း အပေါ် သက်ရောက်မှုကြီး ရှိမယ်လို့ ယူနိုက်တက် ခံစစ်မှူးဟောင်း ဂျက် စတမ်းက ထောက်ခံ ပြောဆိုလိုက်ပြီး ဆန်ချိုကို ခေါ်ဖို့ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရန် လိုကြောင်းလည်း သတိပေးခဲ့ပါတယ်။
ဂျက် စတမ်း ကပဲ ယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ ဂျက် ဂရေးလစ်ချ်ထက် လက်စတာကွင်းလယ် ဂျိမ်းစ် မက်ဒီဆန်ကို ပို ဦးစားပေး ခေါ်ယူသင့်ကြောင်း အကြံပြုသွားပါတယ်။
ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာအတွက် ဂျူဗင်တပ်က ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၅၀ နဲ့ ကွင်းလယ် ရမ်ဆေးကို ထည့်သွင်း ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။ ပြင်သစ်သားကတော့ လာမယ့်နွေမှာ အိုးထရက်ဖို့ဒ်က ခွာဖို့ စိတ်ပိုင်းဖြတ်ပြီးပြီ ယူဆရပါတယ်။
ဒီညက ကလပ်ဘရုစ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ပွဲထုတ် ကစားဖို့ ရှိကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ဆိုထားပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ ဒဏ်ရာကို အစောပိုင်းက သီတင်းပတ် ၆ ပတ်မျှ အနားယူရမယ် ခန့်မှန်းထားခဲ့သော်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကိုပါ လွဲချော်ဖွယ် ရှိသည် အထိ ကြာသွားနိုင်ကြောင့် နည်းပြ ဆိုးရှားက ဝန်ခံသွားပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်ဘေးလ်ကို စောင့်ကြည့်နေကြဆဲ ဖြစ်ကြောင်း စပိန်သတင်း ဌာနများက ဖော်ထုတ်သွားပါတယ်။ ရီးရဲလ်ကလည်း ဝေးစ်လက်ရွေးစင် ဘေးလ်ကို ယူရို ၆၅ သန်းလောက် ရရင် ရောင်းထုတ်လိုနေပါတယ်။
တန်ကြေး ယူရို သန်း ၁၀၀ သတ်မှတ်ခံထားရတဲ့ လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီက လာမယ့်နွေမှာ ယူနိုက်တက်ထံ ပြောင်းလာချင်နေကြောင်း စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။
Zawgyi – ေဒါ့မြန္ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကို ယူနုိက္တက္တို႔ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္သံုးကာ ေခၚယူနုိင္ပါက အသင္း အေပၚ သက္ေရာက္မႈၾကီး ရွိမယ္လို႔ ယူနုိက္တက္ ခံစစ္မွဴးေဟာင္း ဂ်က္ စတမ္းက ေထာက္ခံ ေျပာဆိုလိုက္ျပီး ဆန္ခ်ိဳကို ေခၚဖို႔ ယူနုိက္တက္ အေနနဲ႕ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရန္ လိုေၾကာင္းလည္း သတိေပးခဲ့ပါတယ္။
ဂ်က္ စတမ္း ကပဲ ယူနုိက္တက္ဟာ အက္စတြန္ဗီလာမွ ဂ်က္ ဂေရးလစ္ခ်္ထက္ လက္စတာကြင္းလယ္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ပို ဦးစားေပး ေခၚယူသင့္ေၾကာင္း အၾကံျပဳသြားပါတယ္။
ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာအတြက္ ဂ်ဴဗင္တပ္က ေျပာင္းေရႊ႕ေၾကး အျဖစ္ ေပါင္ သန္း ၅၀ နဲ႕ ကြင္းလယ္ ရမ္ေဆးကို ထည့္သြင္း ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။ ျပင္သစ္သားကေတာ့ လာမယ့္ေႏြမွာ အိုးထရက္ဖို႔ဒ္က ခြာဖို႔ စိတ္ပိုင္းျဖတ္ျပီးျပီ ယူဆရပါတယ္။
ဒီညက ကလပ္ဘရုစ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မွာ အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ပြဲထုတ္ ကစားဖို႔ ရွိေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ဆိုထားပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႕ဒ္ရဲ႕ ဒဏ္ရာကို အေစာပိုင္းက သီတင္းပတ္ ၆ ပတ္မွ် အနားယူရမယ္ ခန္႔မွန္းထားခဲ့ေသာ္လည္း ယူရို ၂၀၂၀ ျပိဳင္ပြဲကိုပါ လြဲေခ်ာ္ဖြယ္ ရွိသည္ အထိ ၾကာသြားနုိင္ေၾကာင့္ နည္းျပ ဆိုးရွားက ၀န္ခံသြားပါတယ္။
မန္ခ်က္စတာယူနိုက္တက္နဲ႕ စပါးအသင္းတို႔ဟာ ရီးရဲလ္မက္ဒရစ္ ၾကယ္ပြင့္ ဂါရတ္ေဘးလ္ကို ေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ေၾကာင္း စပိန္သတင္း ဌာနမ်ားက ေဖာ္ထုတ္သြားပါတယ္။ ရီးရဲလ္ကလည္း ေ၀းစ္လက္ေရြးစင္ ေဘးလ္ကို ယူရို ၆၅ သန္းေလာက္ ရရင္ ေရာင္းထုတ္လိုေနပါတယ္။
တန္ေၾကး ယူရို သန္း ၁၀၀ သတ္မွတ္ခံထားရတဲ့ လိုင္ယြန္ တိုက္စစ္မွဴး မိုဆာ ဒမ္ဘီလီက လာမယ့္ေႏြမွာ ယူနုိက္တက္ထံ ေျပာင္းလာခ်င္ေနေၾကာင္း စကိုင္းစေပါ့မွာ ေဖာ္ျပထားပါတယ္။