အိမ်ကွင်း ရှုံးပွဲမရှိ ဗီလာထံ သွားပြီး မန်စီးတီးတို့ ဘယ်လို ရလဒ် ယူပြသွားမလဲ ခရစ်ဆက်တန် ခန့်မှန်းချက်
နည်းပြ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးအသင်းဟာ ဒီတပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
စီးတီးနဲ့ ဗီလာတို့ ပွဲစဉ်ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ည မြန်မာအချိန် ၂း၄၅ နာရီ အချိန်၊ ဗီလာပါ့ခ် ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဒီပွဲစဉ် အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူကြီး ခရစ်ဆက်တန်ကတော့ ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီးက အခုတလော ဂိုးတွေ အများကြီး ပေးနေရပါတယ်။ နောက်ဆုံး ၄ ပွဲမှာ သူတို့ ဂိုးပေး ထားရတာ ၁၀ ဂိုးလောက် ရှိနေပါပြီ။ ဗီလာက ဒီပွဲမှာ ဂိုးသွင်းနိုင်မှာပါ။ ဒါပေမယ့် ပက်ဂွာဒီယိုလာရဲ့ အသင်းက ပိုများတဲ့ ဂိုးတွေ သွင်းနိုင်ပါလိမ့်မယ်။
ရိုဒရီနဲ့ ဂရီလစ်တို့ ပွဲပယ်ကြောင့် မပါနိုင်မှာက မန်စီးတီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒါပေမယ့် ကျနော်ကတော့ မန်စီးတီးကို သံသယဝင်သွားမှာ မဟုတ်ပါဘူး။
စပါးကို ရင်ဆိုင်ရတဲ့ပွဲမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ ကစားနေမှု အသားစီမရခဲ့ခြင်းကြောင့် ဒီပွဲမှာတော့ ဒေါသတကြီးနဲ့ တုန့်ပြန်လာမှာပါ။ ဒိုင်လူကြီးက မှားယွင်းစွာ ရပ်တန့်ခဲ့တာဖြစ်ပေမယ့် တကယ် ကစားခွင့်ပြုရင် စပါး ခံစစ်သမားတွေ ဂရီလစ်ကို အမှီလိုက်နိုင်မယ် ထင်ပါတယ်။
ခရစ် ဆက်တန် ရဲ့ ပွဲ ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၁-၂ မန်ချက်စတာ စီးတီး။