ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ် ပွဲအပြီး ထူးခြားသတင်းတွေ ပါတဲ့ ယူနိုက်တက် နံနက်ခင်း သတင်းများ
ညက ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ်ပွဲစဉ် ပထမအကျော့မှာ ယူနိုက်တက်က တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက် အတွက် တစ်လုံးတည်းသော ဂိုးကို မာရှယ်က သွင်းယူပေးခဲ့တာပါ။
ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ဟာ ဒီရာသီ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားထားပြီးရာ ၁၄ ဂိုးသွင်း၊ ဂိုးထောက်ပံ့မှု ၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံမှာ ကန်ခဲ့ရတဲ့ ကလပ်ဘရုဂျ်နဲ့ ပွဲမှာ မိုးနဲ့ လေတို့ ပြင်းထန်တဲ့ ရာသီဥတု ဆိုးဝါးခဲ့သည့် အပြင် ယူရိုပါလိဂ် ပြိုင်ပွဲ အတွက် အသုံးပြုတဲ့ ဘောလုံးကလည်း ကစားဖို့ ခက်ခဲခဲ့တယ်လို့ နည်းပြ ဆိုးရှားက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်က ကလပ်ဘရုဂျ်ကို နောက်ဆုံး အနိုင်စဉ် ရွန်းနီ ဟက်ထရစ် သွင်းယူမှု ဗီဒီယိုကို တွစ်တာမှာ ဖော်ပြခဲ့ပြီး ကလပ်ဘရုဂျ် ဘက် တွစ်တာက ယူနိုက်တက်တော့ မသိပေမယ့် သူတို့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ်ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာကပါဆိုပြီး ကလပ်အသင်းကို လှောင်ပြောင်ခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်သမား မာတာက တိုက်စစ်မှူး မာရှယ်ကို ပွဲအပြီးမှာ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ” ပြိုင်ဘက် ဂိုးသမားနဲ့ ရင်ဆိုင်ဖို့ ကစားသမား တစ်ယောက် လိုတယ်ဆိုရင် သူက ကျနေ်ာတို့ အသင်းမှာ အကောင်းဆုံးထဲက တစ်ယောက်ပဲ ” လို့ မာရှယ်ကို ညွှန်းဆိုခဲ့ပါတယ်။
ဒဏ်ရာက မှန်းထားတာာထက် ကြာရှည်ဦးမယ့် ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ် အနေနဲ့ မှန်ကန်စွာ အပြည့်အ၀ အနားယူလိုက်ဖို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက တိုက်တွန်းသွားပါတယ်။
ကလပ်ဘရုဂျ်နဲ့ ပွဲစဉ်မှာ ခံစစ်မှူး ဘိုင်လီ မပါဝင်ခဲ့တာက ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲစဉ်မှာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရထားတာကြောင့် ဖြစ်ကြောင်း နည်းပြ ဆိုးရှားက အသိပေးပြောဆိုခဲ့ပါတယ်။
Zawgyi – ညက ကလပ်ဘရုဂ်ျနဲ့ ယူရိုပါလိဂ်ပွဲစဉ် ပထမအကျော့မှာ ယူနိုက်တက်က တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက် အတွက် တစ်လုံးတည်းသော ဂိုးကို မာရှယ်က သွင်းယူပေးခဲ့တာပါ။
ဘယ်လ်ဂျီယံမှာ ကန်ခဲ့ရတဲ့ ကလပ်ဘရုဂ်ျနဲ့ ပွဲမှာ မိုးနဲ့ လေတို့ ပြင်းထန်တဲ့ ရာသီဥတု ဆိုးဝါးခဲ့သည့် အပြင် ယူရိုပါလိဂ် ပြိုင်ပွဲ အတွက် အသုံးပြုတဲ့ ဘောလုံးကလည်း ကစားဖို့ ခက်ခဲခဲ့တယ်လို့ နည်းပြ ဆိုးရှားက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်က ကလပ်ဘရုဂ်ျကို နောက်ဆုံး အနိုင်စဉ် ရွန်းနီ ဟက်ထရစ် သွင်းယူမှု ဗီဒီယိုကို တွစ်တာမှာ ဖော်ပြခဲ့ပြီး ကလပ်ဘရုဂ်ျ ဘက် တွစ်တာက ယူနိုက်တက်တော့ မသိပေမယ့် သူတို့ရဲ့ နောက်ဆုံး ချန်ပီယံလိဂ်ပွဲကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာကပါဆိုပြီး ကလပ်အသင်းကို လှောင်ပြောင်ခဲ့ပါတယ်။
ကလပ်ဘရုဂ်ျနဲ့ ပွဲစဉ်မှာ ခံစစ်မှူး ဘိုင်လီ မပါဝင်ခဲ့တာက ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲစဉ်မှာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရထားတာကြောင့် ဖြစ်ကြောင်း နည်းပြ ဆိုးရှားက အသိပေးပြောဆိုခဲ့ပါတယ်။