ဒီပုံစံနဲ့ဆို Top 4 တောင် မသေချာဘူး၊ အခု ပြန်ထလုပ်ကြတော့ လို့ တပည့်ကျော်တွေအား ဂွါဒီယိုလာ ဝမ်နင်ပေးပြီ
မန်စီးတီးအသင်းဟာ ဒီပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အဆင့် ၄ ဝင်ဖို့ တောင် မလွယ်ဘဲ အခုချက်ချင်း ပြန် ရုန်းထ လှုပ်ရှားဖို့ လိုနေပြီလို့ နည်းပြ ဂွါဒီယိုလာက သတိပေး ပါတယ်။
မန်စီးတီးဟာ ဂွါဒီယိုလာလက်ထက် ပထမဆုံးအကြိမ်အဖြစ်နဲ့ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်သွားပြီ ဖြစ်ပါတယ်။
ဒီအတွက် ဗီလာကို ရှုံးတဲ့ ပြီးခဲ့တဲ့ ပွဲမှာဆိုရင်လည်း မန်စီးတီးဟာ ရုန်းကန်နေရပြီလို့ စပိန်သားနည်းပြ က ဝန်ခဲ့ခဲ့တာလည်းရှိပါတယ်။
ဒါကြောင့် လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းပြီး ရာသီအကုန်မှာ အောင်မြင်မှုတစ်ခုလိုချင်တယ်ဆိုရင်တော့ ခြေမချော်ခင် အချိန်လေးမှာ ချက်ချင်းလှုပ်ရှားဖို့ လိုအပ်ပြီး ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ မန်စီးတီးဟာ အဆင့် ၄ နေရာတောင် မသေချာဘူးလို့ ဂွါဒီယိုလာက သတိပေးစကား ဆိုပါတယ်။
” ဒီလို အခိုက်အတန့် မျိုးမှာ ကျွန်တော် အကောင်းမြင်တယ်။ စိတ်ဓာတ်ရေးရာက အရမ်းကို တောင့်တင်းခိုင်မာ တယ်။ နည်းပြတစ်ယောက်အနေနဲ့ တစ်ခါတလေမှာ ကျွန်တော် အဲဒါကို လိုပါတယ်။
စိန်ခေါ်မှုတွေကို ကျွန်တော် လိုအပ်တယ်။ တစ်ခုတော့ ပြောရမယ်။ ဒါက အားလုံးအတွက် အရမ်းကို ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။

ကျွန်တော်တို့ ရှင်သန်ဖို့အတွက် အသက်ရှင်နေတာလေ။ အဲဒီလို ရှင်သန်ဖို့အတွက် ဒါဟာ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ ခဏခဏ အကြိမ်ပေါင်းများစွာ ကြုံခဲ့ပြီးပါပြီ။
ကျွန်တော်တို့ ကြောင်တစ်ကောင်လို ပေါ့ပေါ့ပါးပါးနဲ့ ရှင်သန်လာခဲ့တာ ကြာလှနေပြီ။ ကျွန်တော်တို့ ကောင်းနေတုန်းကပေါ့။ ငါ့ကောင်တွေ ဒါက အလုပ်ကွ။ ဒါက ဖလားသုံးလုံးကွ၊ ဒါက ဖလားသုံးလုံးကွလို့ ကျွန်တော်တို့ ပြောခဲ့ကြတယ်။
မင်းတို့က အနိုင်ယူလို့ မရတဲ့ အသင်းကွဘာညာပေါ့။ အခုတော့ ကျွန်တော်တို့ တစ်ပွဲတောင် မနိုင်ဘူး။ ဘာမှကို မဟုတ်တော့တာ။ ဒါကို တကယ့်ကောင်းတဲ့အချိန်တွေမှာကတည်းက ကျွန်တော် သိခဲ့တာပါ။
ကျွန်တော့်ကိုယ်ကျွန်တော် ပြောရရင် ဒီလို စိန်ခေါ်မှုမျိုး လိုတယ်။ ကျွန်တော်က နည်းပြ ကောင်းတစ်ယောက်ပါ။ ဒီလိုအခြေအနေကို ကစားသမားတွေ ကျော်ဖြတ်နိုင်ဖို့က ကျွန်တော့် အလုပ်ဖြစ်တယ်။
ကစားသမားတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုကောင်းတစ်ခုပဲလို့ ပြောလို့ရတယ်။ ဘုရားရေ၊ ဗီလာက ငါတို့ထက် ပိုကောင်းတဲ့ မိုင်တော်တော်များများကို ရောက်သွားခဲ့ပြီ။ ဒါဟာ ကျွန်တော်တို့ကို လူမှန်နေရာမှန် ပြန်ရောက်အောင် တွန်းပို့နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။
ကျွန်တော်တို့ သိသိချင်းမှာ ဒီနေရာကနေ ရုန်းထွက်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဘာမှ ပြောင်းလဲမှာမဟုတ်ဘူး။ နောက်ရာသီမှာလည်း ဒီလိုပဲ ပြန်လာဦးမှာပဲ။ အခုမှ ဒီဇင်ဘာပဲ ရှိပါသေးတယ်။
ပထမအကျော့တောင် မပြီးသေးပါဘူး။ ကျွန်တော်တို့ ကစားဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ” လို့ ဂွါဒီယိုလာက ပြောခဲ့ပါ တယ်။
