ရာသီဝက် မရောက်ခင် လက်လျော့ချင်နေကြသူတွေကို မနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ပြသွားတဲ့ ဂွာဒီယိုလာ
မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဇယားထိပ်က အသင်းတွေနဲ့ အမှတ်ကွာဟချက် စတင် ပေါ်ထွက်လာနေပေမယ့် မစိုးရိမ်ကြဖို့ တိုက်တွန်းလာပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ လီဗာပူး၊ စပါးနဲ့ ဗီလာတို့ကို ဆက်တိုက် ရင်ဆိုင်ရာမှာ ၃ မှတ်ပဲ ရခဲ့တာပါ။ သို့ပေမယ့် ပွဲကြပ် ကာလတွေ ကျော်လာခဲ့ပြီမို့ မကြာခင်မှာ ရလဒ်တွေ ပြန်သယ်ယူဖို့ စီးတီးနည်းပြက စိတ်အားထက်သန်နေပါတယ်။
ပက်က ” ကျွန်တော်တို့ဟာ တကယ့် ထိပ်တန်း အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ ။ ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့ဟာ လက်ရှိမှာ တမူထူးခြားတဲ့ အသင်းတွေ ဖြစ်ပါတယ် ။ ပြီးခဲ့တာက ပြီးခဲ့ပါပြီ ။
အခုလို အနေအထားမျိုးဆီ ရောက်နေတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ ဘောလုံးရာသီတိုင်း လိုချင်တဲ့ ရမှတ်တွေ မယူနိုင်တဲ့ အချိုးအကွေ့မျိုး ကျွန်တော်တို့ ကြုံတွေ့ဖူးပါတယ်။ မနှစ်က ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရလဲ ဆိုတာ ခင်ဗျားတို့ သိကြလား?
ဒဏ်ရာ ပြဿနာတွေ အများကြီးနဲ့ ကျွန်တော်တို့ဟာ အာဆင်နယ် အနောက် ၈မှတ် ၊ ၉မှတ် အထိ ပြတ်ကျန်ခဲ့တာပါ ” လို့ ပြောကြားခဲ့ပါတယ်။