မင်းတို့ဟာက မျှမျှတတလေးတော့ လုပ်ကြဟလို့ သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာ သတိပေး

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ စီးတီးကိုကျ နှစ်တိုင်း ပရီးမီးယားလိဂ် ဖလား ရရမယ် ဖိအားတွေ ပေးနေပြီး ပြိုင်ဘက်တွေကိုတော့ ဒုတိယရလည်း ဖြည့်တွေးပေးနေခြင်းကို လျော့ကျပါဦးလို့ သတိပေးစကား ပြောဆိုလာပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အမှတ်ပေးဖလားကို အာဆင်နယ် အသင်းထံ လက်လွှတ်ရလု နီးပါး ဖြစ်ခဲ့တာပါ။ ဒီရာသီမှာလည်း အာဆင်နယ်၊ လီဗာပူးတို့က စီးတီးကို ကျော်တက်ပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေကြတာပါ။

” စီးတီးက အမြဲတမ်း ပရီးမီးယားလိဂ်ဖလား နိုင်နေသင့်တယ် ဆိုတာ သိပ်တော့ မတရားဘူးဗျ။ ဒါမျိုးကို အပတ်တိုင်း၊ ၃ ရက်တိုင်း တစ်ခါ ကိုင်တွယ်နေရတာ နှစ်တွေချီပြီ လုပ်နေရတာ ခက်ခဲပါတယ်။ စီးတီးကျ ဖလားမရရင် ကျရှုံးတာဖြစ်ပြီး လီဗာပူးတို့ အာဆင်နယ်တို့ဆိုရင် အောင်မြင်မှုအဖြစ် သတ်မှတ်ကြမှာပါ။

ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်မှု အများကြီး ရှိပါတယ်။ အသင်းကိုလည်း သေချာပေါက် ကူညီမှာပါ။ ဘယ်လို ဆိုတာတော့ မပြောတတ်ဘူးပေါ့။ ဒါပေမယ့် စီးတီး ပြန်လာနိုင်အောင် ကျွန်တော် ကူညီပေးမှာပါ။

ကျွန်တော့် အတွက်လည်း ဝမ်နင်ကောင်း တစ်ခု ဖြစ်တယ်။ တကယ်လို့ ကျွန်တော်သာ မလုပ်နိုင်ရင် ကလပ်ဘက်က ဘာလုပ်မလဲ ဆုံးဖြတ်ပါလိမ့်မယ်။ အဆုံးမှာတော့ ရလဒ်တွေကိုပဲ ကြည့်ကြမှာပါ။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရောက်နေပြီး ပြိုင်ဘက် တွေကို ပြန် ကျော်တက်ဖို့ အားယူ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။