ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်မယ့် တစ်သင်းတည်းသော အသင်းကို အန်ဆယ်လော့တီ ထုတ်ပြော

အန်ဆယ်လော့တီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်တဲ့ အသင်း တစ်သင်းရှိမယ်ဆိုရင် အဆိုပါ အသင်းကတော့ လက်ရှိချန်ပီယံ မန်စီးတီးဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

ချန်ပီယံလိဂ်ဖလားအား ၁၄ ကြိမ်တိုင်တိုင် စံချိန်တင်ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ မန်စီတီးကတော့ ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ နှစ်သင်းလုံးဟာ ၁၆ သင်းရှုံးထွက်အဆင့်သို့ အုပ်စုဗိုလ်တွေအဖြစ်နဲ့ တက်ရောက်ထားပါတယ်။

အန်ဆယ်လော့တီက ” မန်စီးတီးက ရေပန်းအစားဆုံးပါ။ သူတို့မှာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ သိပ်အပြောင်းအလဲ မများဘူး။

ဒါပေမဲ့ ချန်ပီယံလိဂ်က အဆုံးသတ်မှာ အံ့ဩသင့်စရာတွေ လုပ်တတ်တဲ့ ပြိုင်ပွဲမျိုး ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်နိုင်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။

ကိုယ့်အသင်းကိုကိုယ် ရေပန်းစားတဲ့အသင်းလို့ မမြင်ပါဘူး။ မန်စီးတီးလည်း အဲဒီလို မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ ချန်ပီယံဖြစ်ခဲ့တော့ ဒီနှစ်လည်း ဆွတ်ခူးနိုင်တယ်လို့ တွေးကြမှာပါ ” လို့ ပြောကြားသွားပါတယ်။