လီဗာပူးနဲ့အပြိုင် ချန်ပီယံလိဂ် စံချိန်ကောင်း တစ်ခုယူကာ ရှုံးထွက်ကို တက်ရောက်တဲ့ မန်စီးတီး

ဒီရာသီဟာ စနစ်ဟောင်းဖြင့် ယှဉ်ပြိုင်တဲ့ နောက်ဆုံး ဘောလုံးရာသီဖြစ်ကာ ကလပ်ပေါင်း ၃၆ သင်းက အုပ်စုအဆင့်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုဗိုလ်အဖြစ် ၈ သင်း၊ အုပ်စု ဒုတိယအဖြစ် ၈ သင်းတို့ဟာ နောက်အဆင့်ကို တက်ရောက်သွားခဲ့တယ်။

အုပ်စု တတိယနေရာက ၈ သင်းကတော့ ယူရိုပါလိဂ်ဆင်းကာ play-off ကစားရမှာဖြစ်ပြီး ကျန်တဲ့ ၈ သင်းကတော့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

စီးတီးဟာ ရက်စတားအသင်းကို အဝေးကွင်းမှာ ၂-၃ ဖြင့် အနိုင်ရခဲ့ကာ အုပ်စုတွင်း ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် ရှုံးထွက်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကလပ်တွေရဲ့ ချန်ပီယံလိဂ်သမိုင်းမှာ မန်စီးတီးဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းနောက် အုပ်စုတွင်း ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ရတဲ့ နောက်ထပ် အင်္ဂလန်အသင်း ဖြစ်လာခဲ့ပါတယ်။

အုပ်စုဗိုလ်တွေအဖြစ် တက်လာတဲ့ မန်စီးတီးဟာ ဒုတိယနေရာက အသင်းတွေဖြစ်တဲ့ ပီအက်စ်ဗီ၊ ကိုပင်ဟေဂင်၊ နာပိုလီ၊ အင်တာ၊ လာဇီယို၊ ပီအက်စ်ဂျီ၊ ပေါ်တို တို့ဖြင့် မဲခွဲမှု ရလဒ်အတိုင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှုံးထွက်မှာတော့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက်တွေ့မယ့် ပွဲကောင်းမျိုးလည်း ပေါ်ထွက်လာနိုင်ပါတယ်။