ဂရင်းဝုဒ်အစား တိုက်စစ်က မာရှယ်ကို ထည့်ပြီး အင်ဟာလို လူစားဝင်စေခြင်းကို ရှင်းပြတဲ့ အိုလီ
ယူနိုက်တက်ဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်နဲ့ပွဲမှာ ချယ်ဆီးနဲ့ပွဲ ပွဲထွက်လူစာရင်းကို ၆ ဦးထိ အပြောင်းအလဲလုပ်ပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
မာရှယ်ရဲ့ ခြေပဂိုးကြောင့် ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပွဲကြပ်တွေကြောင့် စီနီယာအချို့ အနားပေးဖို့ လိုအပ်ခဲ့တယ်လို့ အိုလီက ရှင်းပြခဲ့တယ်။ သူကပဲ ဒီပွဲမှာ လူငယ်တိုက်စစ်သမား ဂရင်းဝုဒ်ကို ထည့်သုံးဖို့ စီစဉ်ထားပေမယ့် အင်္ဂလန်သားလေးက ဖျားနေတာကြောင့် မာရှယ်ကို ပြောင်းလဲ ထုတ်သုံးရတာလို့ ဆိုပါတယ်။
ကလပ်အသင်း ဝဘ်ဆိုဒ်မှာတော့ အိုလီက ” ဒီပွဲမှာ ဂရင်းဝုဒ်ကို ပွဲထွက်နေရာကနေ ထုတ်သုံးဖို့ ရွေးထားတာပါ။ ဒါပေမယ့် သူက ဖျားနေတာကြောင့် မန်ချက်စတာမှာပဲ ကျန်နေခဲ့ပြီး မာရှယ်က ပွဲထွက်ခွင့် ရလာခဲ့တာဖြစ်တယ်။ အစ်ဟာလိုကိုတော့ လူစားဝင် ကစားသမားအဖြစ် အသုံးပြုဖို့ ရွေးချယ်ထားပါတယ်။
ဆက်လက်ပြီးလည်း ပွဲတွေ အများကြီး ကစားရဦးမှာပါ။ ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစားသမားတွေကြား ကွားခြားမှုတွေတော့ သိပ်ပြီး ကြီးကြီးမားမား မရှိပဲ ကစားသမားအားလုံး ပွဲထွက်နေရာအတွက် ပြိုင်ဆိုင်နေကြတာကို မြင်လိုပါတယ်။ ကျနေ်ာတို့က ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေအပြင် ယူရိုပါလိဂ်မှာပါ ပါဝင် ယှဉ်ပြိုင်နေရတာဖြစ်တယ်။ အားလုံး အဆင်ပြေဖို့က အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ကျနေ်ာတို့ တနင်္လာနေ့ ချယ်ဆီးနဲ့ အဝေးကွင်းကစားပြီး ၂ ရက်ပဲ အနားယူခဲ့ရတယ်။ ယူရိုပါလိဂ်အဖြစ် ဘယ်ဂျီယံမှာ အဝေးကွင်း လာရောက် ကစားခဲ့ရတယ်။ အသင်းသားတိုင်းက ရုပ်ပိုင်းဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာမှာပါ အားရဖို့ လိုပါတယ်။ ဒါကြောင့်လည်း ဒီပွဲကို အပြောင်းအလဲတွေ လုပ်ခဲ့တာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ZAWGYI
ယူနိုက်တက်ဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂ်ျနဲ့ပွဲမှာ ချယ်ဆီးနဲ့ပွဲ ပွဲထွက်လူစာရင်းကို ၆ ဦးထိ အပြောင်းအလဲလုပ်ပြီး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။