ဒီရာသီ ပရီးမီးယားလိဂ် မရရင် နောက်ရာသီ ချန်ပီယံလိဂ်မှာ ကစားရဖို့ မသေချာဖြစ်နေတဲ့ မန်စီးတီး
မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား မအောင်မြင်ဘူးဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရဖို့ အခက်တွေ့နိုင်ပါတယ်။
အဲ့လိုဖြစ်နေရတာက လာလီဂါမှာ ကက်တလန်အခြေစိုက်ကလပ်ဖြစ်တဲ့ ဂျီရိုနာအသင်း အောင်မြင်မှုရနေတာနဲ့လည်း သက်ဆိုင်ပါတယ်။ မန်စီးတီးနှင့် ဂျီရိုနာ နှစ်သင်းလုံးကို City Football Group က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
စီးတီးဘောလုံးအဖွဲ့ဟာ မန်ချက်စတာကလပ် မန်စီးတီးကို အလုံးစုံ ပိုင်ဆိုင်ထားပြီး ဂျီရိုနာကိုတော့ ရှယ်ယာအများစုဖြစ်တဲ့ ၄၇% ထိ ပိုင်ဆိုင်ထားပါတယ်။
ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တူ အသင်း နှစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါက လိဂ်အမှတ်ပေးဇယားမှာ အမြင့်ဆုံးရပ်တည်နိုင်တဲ့အသင်းကိုသာ ချန်ပီယံလိဂ်ဝင်ခွင့်ပေးပြီး ပိုနိမ့်တဲ့အသင်းက ယူရိုပါလိဂ်သာ ဝင်ခွင့်ရရှိမှာပါ။
လာလီဂါမှာ ဂျီရိုနာက ချန်ပီယံဖြစ်သွားခဲ့ရင် မန်စီးတီးဟာ ချန်ပီယံမဖြစ်ဘဲ Top 4 ဘဲ ဝင်ရင်တော့ ယူရိုပါလိဂ် ဆင်းကစားရမယ့် အခြေအနေဖြစ်ပါတယ်။
မန်စီးတီး အကြီးအကဲတွေကတော့ ဒီပြဿနာကို ကြိုတင် သိရှိထားပြီး ရတ်ဘူးအဖွဲ့ ပိုင်ဆိုင်ထားတဲ့ လိုက်ဇစ်နဲ့ ဆဲလ်ဘတ်တို့လို နှစ်သင်းလုံး ချန်ပီယံလိဂ်မှာ ပါဝင်နိုင်ရေး လုပ်ဆောင်နိုင်အောင် ကြိုးစားသွားဖို့ ရှိနေပါတယ်။