မန်စီးတီးနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဘယ်ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနိုင်သလဲ

၂၀၂၃-၂၄ ခုနှစ်ချန်ပီယံလိဂ်ရာသီရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်တွေကို ဆက်လက် မဲခွဲကျင်းပတော့မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် အသင်းတို့ကတော့ အုပ်စု နောက်ဆုံးအဆင့်တွေနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

သက်ဆိုင်ရာအုပ်စုတွေမှာ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်လာတဲ့အသင်းတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

မန်စီးတီးနဲ့ တွေ့ဆုံနိုင်တဲ့အသင်းတွေကတော့ ပီအက်စ်ဗွီ၊ ကိုပင်ဟေဂင်၊ နာပိုလီ၊ အင်တာမီလန်၊ လာဇီယို၊ ပေါ်တိုနဲ့ ပီအက်စ်ဂျီတို့ဖြစ်ကြပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တဲ့ အီတလီစီးရီးအေကလပ် အင်တာမီလန်နဲ့ ပြန်လည်ဆုံတွေ့ရနိုင်ချေရှိနေပြီး ယူနိုက်တက်နဲ့ ဂါလာတာစာရေးတို့ကို ကျော်ဖြတ်ကာ နောက်တစ်ဆင့် ကို တက်ရောက်လာတဲ့ ကိုပင်ဟင်ဂေနဲ့ တွေ့ဆုံရင်တော့ လွယ်ကူတဲ့ပွဲစဉ်ဖြစ်လာဖို့ရှိနေပါတယ်။

အာဆင်နယ် အသင်းကလည်း ပီအက်စ်ဗွီ၊ ကိုပင်ဟေဂင်၊ နာပိုလီ၊ အင်တာမီလန်၊ လာဇီယို၊ပေါ်တို၊ ပီအက်စ်ဂျီတို့နဲ့ ဆုံတွေ့ရနိုင်ချေရှိနေပြီး အာတီတာရဲ့အသင်းဟာ ၂၀၁၆-၁၇ ခုနှစ်နောက်ပိုင်း ပြန်လည်ယှဉ်ပြိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

မန်စီးတီးလိုပဲ အာဆင်နယ်ဟာ ခက်ခဲတဲ့ပြိုင်ဘက်တွေအဖြစ် အင်တာမီလန်၊ ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ရနိုင်ချေရှိပြီး လွယ်ကူတဲ့ပြိုင်ဘက် အနေနဲ့ကတော့ ကိုပင်ဟေဂင်တစ်သင်းသာ ရှိနေပါတယ်။