စီးတီးရဲ့ သရေရလဒ်တွေက ပြီးဆုံးသွားပါပြီ၊ ဒီရှေ့တော့ ဆိုကာ ပဲလေစ့်ပွဲကြို ဘာဘာတော့ဗ် ရလဒ် ခန့်မှန်းချက်

မနက်ဖြန် စနေနေ့မှာတော့ မန်စီးတီးဟာ ရလဒ်တွေ မကောင်းဖြစ်နေတဲ့ ပဲလေစ့်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ဇယားထိပ်တွေနားကို ပြန်တက်လာနိုင်ရေး အားထုတ်ရမှာ ဖြစ်ပါတယ်။

ဒီအပတ်ပွဲတွေအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလိုပဲ ပွဲတွေကို သုံးသပ်ပြီး ရလဒ်တွေ ခန့်မှန်းထားပါတယ်။

Man City vs Crystal Palace

အတိတ်တုန်းက အီတီဟက်မှာ ပဲလေစ့်က စီးတီးကို အံ့ဩစရာတွေ လုပ်ပြဖူးပါတယ်။ ဒါပေမယ့် အခုတလော ပဲလေစ့်တို့ အခြေအနေ မကောင်းပါဘူး။ ရွိုင်ဟော့ဆန်က ဒဏ်ရာတွေနဲ့ ပွဲပယ်တွေကြောင့် ကစားသမား အများအပြား လက်လွတ်ရတာကလည်း ခက်ခဲပါတယ်။

ဒီပွဲမှာ ရလဒ် မထိခိုက်ဖို့ စီးတီးတို့ ကြိုးစားသွားမှာပါ။ သူတို့ သရေရလဒ်တွေကို ရပ်တန့်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကစလို့ နိုင်ပွဲ ပြန်ရနေပါပြီ။ ကျနော်ကတော့ စီးတီးပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Man City 3-0 Crystal Palace