ယူရိုပါလိဂ် ဘောလုံးက ကစားရခက်တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးရှား ဝေဖန်ပြစ်တင်
မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ကလပ်ဘရုစ်နဲ့ ကစားတဲ့ ယူရိုပါလိဂ် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ထိုပွဲမှာ ဆိုးဝါးတဲ့ ရာသီဥတု အပြင် ယူရိုပါလိဂ် ဘောလုံးက ကစားရ ခက်ခဲပြီး ချော်ထွက်နေခဲ့ကြောင်း နည်းပြ ဆိုးရှားက ပွဲအပြီးမှာ ဝေဖန်ပြစ်တင်သွားပါတယ်။
ယူနိုက်တက်ဟာ စောစော ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပေမယ့် မာရှယ်က အဖိုးတန် အဝေးဂိုး တစ်ဂိုး သွင်းယူကာ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ တွန်းတွန်းတိုက်တိုက် မကစားနိုင်ခဲ့တဲ့ အပြင် ပွဲချိန်တော်တော်များများ ခြေချော်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါက မိုးရော လေပါ ထန်နေတဲ့ ရာသီဥတုကြောင့် အပြင် ကစားရတဲ့ ဘောလုံးကလည်း အဆင်မပြေခဲ့လို့ ဖြစ်ကြောင်း ဆိုးရှားက ဆိုခဲ့ပါတယ်။
” ဒီပွဲက ခက်ခဲတဲ့ပွဲပါ။ အခြေအနေတွေက ခက်ခဲတဲ့ အပြင် စုစည်းမှု ပြင်ဆင်မှုကောင်းတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာ ဖြစ်တယ်။ ဒီပွဲက အကောင်းဆုံး ပွဲ တစ်ပွဲထဲတော့ ပါမှာ မဟုတ်ဘူး။
အာရုံစူးစိုက်ဖို့ ခက်ခဲတဲ့ အပြင် ကွင်းထဲက အခြေအနေတွေနဲ့ ဘောလုံးက ဒါကို ပို ခက်ခဲစေခဲ့တယ်။ ဒီပွဲက ကစားသမား တစ်ယောက် ယောက်ကို သွားမေးရင် ဘယ်သူမှ သဘောကျကြမယ် မထင်ဘူး။ ” လို့ ဆိုးရှားက ဆိုပါတယ်။
ဆိုးရှား သဘောမကျတဲ့ ယူရိုပါလိဂ် ဘောလုံးနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ နော်ဝေသားကြီးက ” ဒါက ကစားနေကျ ဘောလုံးတွေနဲ့ မတူဘူး ကစားရ ခက်တယ်။ တစ်ခုလောက် ယူပြီး ကန်ကြည့်ကြဗျာ။ နှစ်သင်းလုံး ဒီဘောလုံးပဲ ကန်ရတာ ပြောချင်ပြောမှာပေါ့ ဟုတ်ပါတယ် ဒါပေမယ့် မိုးရော လေရော ကျနေတဲ့ အခြေအနေကလည်း ပို ခက်ခဲစေခဲ့တယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
ကလပ်ဘရုစ်နည်းပြ ဖိလစ်ပီ ကလင်းမန့်ကတော့ ဆိုးရှားရဲ့ မှတ်ချက်အပေါ် သဘောမတူကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
” ကျနော်တို့ ဒီဘောလုံးတွေကို ယူအီးအက်ဖ်အေ ဆီက ရတာပါ ကျနော်တို့ ဘောလုံး မဟုတ်ဘူး။ ယူရိုပါလိဂ် ပွဲတွေ မှာ ဒီဘောလုံးတွေပဲ သုံးနေကြတာ။ ကျနော်ကတော့ ဒါနဲ့ ပတ်သတ်ပြီး ပြသနာ ရှိတယ် မထင်ပါဘူး။ ” လို့ ၎င်းက ဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ မေန႔ညက ကလပ္ဘရုစ္နဲ႕ ကစားတဲ့ ယူရိုပါလိဂ္ ပထမအေက်ာ့ အေ၀းကြင္း ပြဲစဥ္မွာ တစ္ဂိုးစီ သေရက်သြားခဲ့ပါတယ္။ ထိုပြဲမွာ ဆိုး၀ါးတဲ့ ရာသီဥတု အျပင္ ယူရိုပါလိဂ္ ေဘာလံုးက ကစားရ ခက္ခဲျပီး ေခ်ာ္ထြက္ေနခဲ့ေၾကာင္း နည္းျပ ဆိုးရွားက ပြဲအျပီးမွာ ေ၀ဖန္ျပစ္တင္သြားပါတယ္။
ယူနိုက္တက္ဟာ ေစာေစာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရေပမယ့္ မာရွယ္က အဖိုးတန္ အေ၀းဂိုး တစ္ဂိုး သြငး္ယူကာ ျပန္လည္ ေခ်ပနုိင္ခဲ့ပါတယ္။ ယူနိုက္တက္ဟာ တြန္းတြန္းတိုက္တိုက္ မကစားနုိင္ခဲ့တဲ့ အျပင္ ပြဲခ်ိန္ေတာ္ေတာ္မ်ားမ်ား ေျခေခ်ာ္ေနခဲ့တာကို ေတြ႔ခဲ့ရပါတယ္။ ဒါက မိုးေရာ ေလပါ ထန္ေနတဲ့ ရာသီဥတုေၾကာင့္ အျပင္ ကစားရတဲ့ ေဘာလံုးကလည္း အဆင္မေျပခဲ့လို႔ ျဖစ္ေၾကာင္း ဆိုးရွားက ဆိုခဲ့ပါတယ္။
” ဒီပြဲက ခက္ခဲဲတဲ့ပြဲပါ။ အေျခအေနေတြက ခက္ခဲတဲ့ အျပင္ စုစည္းမႈ ျပင္ဆင္မႈေကာင္းတဲ့ အသင္းတစ္သင္းကို ရင္ဆိုင္ခဲ့ရတာ ျဖစ္တယ္။ ဒီပြဲက အေကာင္းဆံုး ပြဲ တစ္ပြဲထဲေတာ့ ပါမွာ မဟုတ္ဘူး။
အာရံုစူးစိုက္ဖို႔ ခက္ခဲတဲ့ အျပင္ ကြင္းထဲက အေျခအေနေတြနဲ႕ ေဘာလံုးက ဒါကို ပို ခက္ခဲေစခဲ့တယ္။ ဒီပြဲက ကစားသမား တစ္ေယာက္ ေယာက္ကို သြားေမးရင္ ဘယ္သူမွ သေဘာက်ၾကမယ္ မထင္ဘူး။ ” လို႔ ဆိုးရွားက ဆိုပါတယ္။
ဆိုးရွား သေဘာမက်တဲ့ ယူရိုပါလိဂ္ ေဘာလံုးနဲ႕ ပတ္သတ္ျပီး ေမးျမန္းရာမွာ ေနာ္ေ၀သားၾကီးက ” ဒါက ကစားေနက် ေဘာလံုးေတြနဲ႕ မတူဘူး ကစားရ ခက္တယ္။ တစ္ခုေလာက္ ယူျပီး ကန္ၾကည့္ၾကဗ်ာ။ နွစ္သင္းလံုး ဒီေဘာလံုးပဲ ကန္ရတာ ေျပာခ်င္ေျပာမွာေပါ့ ဟုတ္ပါတယ္ ဒါေပမယ့္ မိုးေရာ ေလေရာ က်ေနတဲ့ အေျခအေနကလည္း ပို ခက္ခဲေစခဲ့တယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။
ကလပ္ဘရုစ္နည္းျပ ဖိလစ္ပီ ကလင္းမန္႔ကေတာ့ ဆိုးရွားရဲ႕ မွတ္ခ်က္အေပၚ သေဘာမတူေၾကာင္း တုန္႔ျပန္ေျပာဆိုခဲ့ပါတယ္။
” က်ေနာ္တို႔ ဒီေဘာလံုးေတြကို ယူအီးအက္ဖ္ေအ ဆီက ရတာပါ က်ေနာ္တို႔ ေဘာလံုး မဟုတ္ဘူး။ ယူရိုပါလိဂ္ ပြဲေတြ မွာ ဒီေဘာလံုးေတြပဲ သံုးေနၾကတာ။ က်ေနာ္ကေတာ့ ဒါနဲ႕ ပတ္သတ္ျပီး ျပသနာ ရွိတယ္ မထင္ပါဘူး။ ” လို႔ ၄င္းက ဆိုခဲ့ပါတယ္။