ပဲလေစ့်ပွဲမှာ မန်စီးတီး ရခဲ့တဲ့ သရေရလဒ်က ထိုက်တန်ကြောင်း ရှင်းပြခဲ့တဲ့ နည်းပြဂွာဒီယိုလာ

မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ သရေပွဲရလဒ်က ထိုက်တန်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ၂ ဂိုးပြတ်နဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ ၇၆ မိနစ်နဲ့ ၉၅ မိနစ်တွေမှာ ချေပဂိုး နှစ်ဂိုးပေးခဲ့ရပြီး ၂ ဂိုးစီ သရေကျခဲ့တာပါ။ ခြေပဂိုး နှစ်ဂိုးလုံးကလည်း စီးတီးရဲ့ ခံစစ်ပိုင်း လိုအပ်ချက် များမှုတွေက တစ်ဆင့်ပဲ ပေးခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဂိုးပြန်ပေးပြီးမှ ရီကို အစား ဂျွန်စတုန်းကို ထည့်ခဲ့ပြီး ကစားပုံ တင်ဖို့ ကြိုးစားပေမယ့်လို့ နာကျင်အချိန်ပို ၈ မိနစ်အပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ မန်စီးတီးတို့အနေနဲ့ အိမ်ကွင်း အစ်တီဟတ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။
အဲဒီပွဲရလဒ်ဟာ မန်စီးတီး အသင်းသားတွေနဲ့ ထိုက်တန်တဲ့ရလဒ်ဖြစ်ပြီး ရမှတ် ၂ မှတ်လွှင့်ပစ်ခဲ့တာဖြစ်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
“ပွဲရလဒ်က ကံမကောင်းလို့ မဟုတ်ဘဲ ထိုက်ထိုက်တန်တန် သရေပွဲ ဖြစ်တယ်။ ၁၈ ကိုက်စည်းထဲမှာ ဂရုတစိုက်ကစားဖို့ လိုအပ်ပေမဲ့ ကျနော်တို့ဘက်က မလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ အနိုင်ရလဒ်နဲ့ မထိုက်တန်ပါဘူး။ ” လို့ နည်းပြက ပြောခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီး တိုက်စစ်မှူးဟာလန်းလည်း ပါဝင်နိုင်ခြင်း မရှိခဲ့တာကြောင့် အားနည်းခဲ့ရပြီး အမှတ်လျော့ခဲ့ရတာ ဖြစ်ပါတယ်။