ချန်ပီယံလိဂ် ရှုံးထွက်မှာ မန်ယူမနိုင်ခဲ့တဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့ပြီး ကွာတားတက်မယ် ရေပန်းစားနေတဲ့ မန်စီးတီး

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်အတွက် မဲခွဲမှု ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ဖြင့် အတွဲကျကာ ကွာတားဖိုင်နယ်ထံ တက်ရောက်နိုင်ရေး အားထုတ်ရမှာဖြစ်ပါတယ်။ ကိုပင်ဟေဂင်ဟာ အုပ်စုအဆင့်မှာ မန်ချက်စတာ ယူနိုက်တက်ဖြင့် တွေ့ဆုံခဲ့ပြီး ဖြစ်တာမို့ ရှုံးထွက်မှာလည်း မန်ချက်စတာ ကလပ် တစ်သင်းဖြင့် ထပ်မံ တွေ့ဆုံမှုဖြစ်လာပါတယ်။

မန်စီးတီးဟာ ကိုပင်ဟေဂင်ကို အနိုင်ရဖို့ ရေပန်းစားနေပြီး လက်ရှိ ချန်ပီယံနေရာကို ကာကွယ်ဖို့ရာ ကွာတားဖိုင်နယ် အဆင့်ထံ လွယ်လွယ်ကူကူ တက်ရောက်သွားလိမ့်မယ်လို့ ဘွန်ကီတွေက ပေါက်ကြေး ဖွင့်လာခဲ့ပါတယ်။

အခြားသော ၁၆ သင်းအဆင့် ပွဲကောင်းတွေအဖြစ်တော့

အာဆင်နယ် vs ပေါ်တို
နာပိုလီ vs ဘာစီလိုနာ
ပီအက်စ်ဂျီ vs ရီးရဲလ်ဆိုစီဒက်
အင်တာမီလန် vsအက်သလက်တီကို မက်ဒရစ်
လာဇီယို vs ဘိုင်ယန်မြူးနစ်
ပီအက်စ်ဗီ vs ဒေါ့မွန်
လိုက်ဇစ် vs ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံတာ ဖြစ်ပါတယ်။

(၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့ ပွဲစဉ်များကို လာမယ့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၃-၁၄) နဲ့ (၂၀-၂၁)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ (၅-၆) နဲ့ (၁၂-၁၃)ရက်များတွင် ကျင်းပသွားပါမယ်။