UEFA က ချန်ပီယံလိဂ် ရှုံးထွက်မှာ မန်စီးတီး ပွဲချောင်အောင် လုပ်ပေးနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်

မန်စီးတီးအသင်းရဲ့ နောက်ဆုံး ၄ ရာသီအတွင်း ရှုံးထွက် ၁၆ သင်းအဆင့်မှာ သာမန်အလယ်အလတ် ပြိုင်ဘက်တွေနဲ့သာ ဆုံတွေ့ခဲ့တာကြောင့် ယူအီးအက်ဖ်အေရဲ့ မဲခွဲမှုမှာ မသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ အုပ်စုအဆင့်မှာ ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်ကို ထိုက်တန်စွာ တက်လာခဲ့တာပါ။ ၁၆ သင်း အဆင့် မဲခွဲမှုကိုလည်း ကမ္ဘာတစ်လွှားက ပရိသတ်တွေ မျက်စိရှေ့မှာ ပြုလုပ်သွားတာ ဖြစ်ပါတယ်။

ဒီရာသီ ၁၆ သင်း ရှုံးထွက်မှာတော့ မန်စီးတီးအသင်းဟာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ဖြင့် အတွဲကျကာ ကွာတားဖိုင်နယ်ထံ တက်ရောက်နိုင်မယ် ရေပန်းစားလာခဲ့ပါတယ်။ ဒီလို အတွဲကျခြင်းကပဲ ဝေဖန်မှုတွေ ထွက်ပေါ်ဖို့ အကြောင်းတရား ဖြစ်လာစေခဲ့တယ်။

မန်စီးတီးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ၁၆ သင်းအဆင့် ရှုံးထွက်မှာ မိုချန်ဂလာဘတ်၊ ၂၀၂၁-၂၂ ဘောလုံးရာသီ ၁၆ သင်းအဆင့် ရှုံးထွက်မှာ စပို့တင်းလစ္စဘွန်း၊ ၂၀၂၂-၂၃ ဘောလုံးရာသီ ၁၆ သင်းအဆင့် ရှုံးထွက်မှာ လိုက်ပ်ဇစ်တို့ကို ထိပ်တိုက်တွေ့ခဲ့ပါတယ်။

တစ်ရာသီ နှစ်ရာသီက ဟုတ်လောက်ပေမယ့် ၅ ရာသီဆက်တိုက် ဆိုတာကတော့ ကံကောင်းမှု မဟုတ်တော့ဘူးလို့ ပြိုင်ဘက် အသင်းတွေက စွပ်စွဲလာကြတာ ဖြစ်ပါတယ်။

ဒီစွပ်စွဲမှုတွေကို အကောင်းဆုံး ကျော်ဖြတ်ဖို့ဆိုရင် စီးတီးဟာ ဒီရာသီလည်း ဖိုင်နယ်ထိ တက်ပြီး ရင်ဆို်င်ရမယ့် ပြိုင်ဘက်ဟူသမျှကို အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် သိမ်းပိုက်ပြလိုက်ရမှာ ဖြစ်ပါတယ်။