ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့လာမလား မေးခွန်းကို အဖြေပြန်ပေးလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား
စီးတီး ကွင်းလယ်လူ ဆေးလ်ဗားက ဆော်ဒီပရိုလိဂ်မှာ ဘောလုံးအဆင့်အတန်း တိုးတက်လာကြောင်း အသိအမှတ် ပြုခဲ့ပေမယ့် ထိပ်တန်းအဆင့်တွေမှာပဲ ဆက်ကစားလိုတယ်လို့ ထုတ်ပြောသွားပါတယ်။
အသက်-၂၉ နှစ်အရွယ် ကစားသမားဟား ဆော်ဒီပရိုလိဂ်ရဲ့ မြင့်မားတဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး ဥရောပမှာ ဆက်နေဖို့ရွေးချယ်ခဲ့ကာ မန်စီးတီးနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆော်ဒီကို ရောက်နေတဲ့ ဆေးဗားက “ ဆော်ဒီလိဂ်ရဲ့ တိုးတက်မှုက ကြီးမားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဆက်လက်ရှိနေမှာဖြစ်လို့ ရပ်တန့်သွားဖို့ မရှိဘူးလို့ ကြားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားကို ဆော်ဒီမှာ ကစားဖို့ အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ရာ ကွင်းလယ်လူက “အနာဂတ်မှာ ဆော်ဒီကိုလာဖို့လား။ အခုချိန်မှာတော့ မန်စီးတီးအတွက်ပဲ အာရုံစိုက်နေပါတယ်။ ဥရောပမှာ စွမ်းဆောင်ရည်အမြင့်ဆုံး ပြိုင်ဘက်တွေနဲ့ ဘောလုံးကစားရတာ အရမ်းပျော်ပါတယ် ” လို့ ဖြေကြားခဲ့ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ မန်စီးတီးဟာ ဂျပန်ကလပ် အူရာဝါရက်ဒ်ဒိုင်းမွန်းနဲ့ ကလပ်ကမ္ဘာ့ဖလား ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ အဆိုပါ ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရရင် လာမယ့် သောကြာနေ့မှာ ဘရာဇီးကလပ် ဖလူးမီနက်စအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။