အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာကြီး ဆုတွေ အများကြီးကို သိမ်းပိုက်ခဲ့တဲ့ ဟာလန်း၊ ဂွာဒီယိုလာနဲ့ မန်စီးတီး
ဒီနှစ်အတွက် ဗြိတိန် နာမည်ကြီး ရုပ်သံဌာနဖြစ်တဲ့ BBC က ချီးမြင့်တဲ့ အကောင်းဆုံးဆု အများအပြားကို မန်စီးတီးအသင်းနဲ့ အသင်းသားတွေက ရရှိသွားပါတယ်။
အင်္ဂလန် ဘောလုံးလောကရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမား နည်းပြနဲ့ အသင်းတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ World Sport Star of the Year ဆုကိုတော့ မနှစ်ကမှ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့ပြီး တစ်ရာသီအတွင်း ဂိုးအမြောက်အများ သွင်းယူနိုင်ခဲ့တဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ရရှိသွားခဲ့ရပါတယ်။
BBC Sports Team of the Year Award ဆုကိုတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် မနှစ်က ဖလား ၃ လုံး အောင်မြင်ခဲ့တဲ့ မန်စီးတီးအသင်းက ရရှိခဲ့တာ ဖြစ်ပါတယ်။
BBC Sports Personality of the Year Coach Award ဆုကိုတော့ နည်းပြ ဂွာဒီယိုလာက ရရှိခဲ့တာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဝေါ်ကာက အသင်းဝဘ်ဆိုဒ်ကနေ “ ဒီဆုတွေ အနိုင်ရတာ သိပ်ကောင်းပါတယ်။ BBC Sports ဆုတွေ အောင်မြင်တာက အရေးကြီးပါတယ်။ ၂၀၂၃ မှာ ကျနော်တို့ အကောင်းဆုံး လုပ်ခဲ့တာအတွက် ဒီဆုတွေ ရခဲ့တာဖြစ်ပြီး သိပ်ကို ဂုဏ်ယူပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။