ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပြိုင်ဘက် ဘရာဇီးကလပ်နဲ့ ပတ်သက်လို့ မန်စီးတီး ဘာတွေ ပြင်ဆင်နေသလဲ

ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအကြိုမှာ ဂွာဒီယိုလာကတော့ ပွဲအကြောင်း မစဉ်းစားနိုင်သေးဘဲ သူတို့ အတော်လေး ပွဲပန်းနေတာမို့ အနားယူရပါမယ်လို့ ပွဲကြိုမှာ ပြောဆိုပါတယ်။
စီးတီးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲအပြီး အင်္ဂလန်ကနေ ဆော်ဒီကို လာရောက်ခဲ့ကာ ဆီမီးဖိုင်နယ်ပွဲ ချက်ခြင်း ကစားခဲ့တာပါ။ ၃-၀ ဖြင့် အနိုင်ရခဲ့ကာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
မန်စီးတီးဟာ သောကြာနေ့မှာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ဘရာဇီးကလပ် ဖလူမီးနန့်စ်နဲ့ ယှဉ်ပြိုင် ကစားကာ အသင်းသမိုင်းမှာ ပထမဆုံး ဖလားတစ်လုံးကို သိမ်းပိုက်နိုင်ဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။
ဖိုင်နယ်ပွဲအတွက် ဘယ်တွေ စဉ်းစားထားလဲ ဆိုတာအတွက် ဂွာဒီယိုလာက “ ဗိုလ်လုပွဲအတွက် ဘယ်လိုပြင်ဆင်မလဲဆိုတော့ အိပ်စက် အနားယူမယ်လေ။ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ အခု ကျွန်တော်တို့ အနားယူရမယ်။
သူတို့(ဖလူမီးနန့်စ်)က တစ်ရက်ပိုနားရတယ်။ ကျွန်တာ်တို့ တစ်ရက်နားရက်ရမယ်။ အတူတူ ညစာစားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးမယ်။ ကစားသမားတွေက ဒီဗိုလ်လုပွဲက မန်စီးတီးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ်။
ဒီဗိုလ်လုပွဲမှာ ရှိနိုင်ဖို့အတွက် ခင်ဗျား မယုံနိုင်စရာအရာတွေကို လုပ်ရမယ်။ ချန်ပီယံလိဂ်ဖလားကို ရအောင် ယူရမယ်။ ဒီပွဲက ကျွန်တော်တို့ တသက်မှာ တစ်ခါပဲ ကစားရတဲ့ပွဲလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
မနက်ဖြန် ကျွန်တော်တို့ ဖလူမီးနန့်စ်ကစားတာကို စကြည့်သွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်အောင် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။