ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို အိပ်ပြီး ကစားသွားမယ့် ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂါနေ့ညက အူရာဝါ ရက်ဒိုင်းမွန်းကို ၃-၀ နဲ့ အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို သက်တောင့်သက်သာ တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်က ကွင်းအခြေအနေကြောင့် စိတ်ပျက်ခဲ့ပါတယ်။
မန်စီးတီးဟာ ဂျပန်ကလပ်ဖြစ်တဲ့ အူရာဝါ ရက်ဒိုင်းမွန်းကို အက်ဗ်ဒူလာဘုရင်အားကစားမြို့တော်ကွင်းမှာ ကိုဗာချစ်၊ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ သောကြာနေ့မှာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ဘရာဇီးလ်ကလပ် ဖလူမီးနန့်စ်နဲ့ ကစားသွားရတော့မှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာကတော့ အရမ်းပင်ပန်းနေတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
“ ဗိုလ်လုပွဲအတွက် ဘယ်လိုပြင်ဆင်မလဲဆိုရင် အိပ်မယ်။ ပြီးရင် ပြန်အိပ်မယ်။ ပြီးရင်လည်း အိပ်မယ်။ ကွင်းအခြေအနေက တကယ်ကို မကောင်းမွန်ခဲ့ပါဘူး။ ဒါပေမယ့် အလုပ်တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။
အခု ကျွန်တော်တို့ အနားယူရမယ်။ သူတို့(ဖလူမီးနန့်စ်)က တစ်ရက်ပိုနားရတယ်။ ကျွန်တာ်တို့ တစ်ရက်နားရက်ရမယ်။ အတူတူညစာစားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးမယ်။ ကစားသမားတွေက ဒီဗိုလ်လုပွဲက မန်စီးတီးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ်။
ဒီဗိုလ်လုပွဲမှာ ရှိနိုင်ဖို့အတွက် ခင်ဗျား မယုံနိုင်စရာအရာတွေကို လုပ်ရမယ်။ ချန်ပီယံလိဂ်ဖလား ရဖို့ လိုအပ်တယ်။ ဒီပွဲက ကျွန်တော်တို့ တသက်မှာ တစ်ခါပဲ ကစားရတဲ့ပွဲလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
မနက်ဖြန် ကျွန်တော်တို့ ဖလူမီးနန့်စ်ကစားတာကို စကြည့်သွားမှာဖြစ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်အောင် ကြိုးစားသွားမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။