ယူနိုက်တက်နဲ့ ဝတ်ဖိုဒ့်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကို ခန့်မှန်းမှု ပြုလုပ်သွားတဲ့ မိုင်ကယ်အိုဝင်
ကလပ်ဘရုဂျ်နဲ့ပွဲမှာ ယူနိုက်တက် သရေကျမယ့်လို့ ခန့်မှန်းခဲ့တဲ့ မိုင်ကယ်အိုဝင်က ဒီအပတ် ဝတ်ဖိုဒ့်နဲ့ပွဲကိုလည်း ယူနိုက်တက် နိုင်မယ်လို့ မယူဆပါဘူး။
ဝတ်ဖိုဒ့်က တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အတော်လေး တိုက်ခိုက်နေသလို ယူနိုက်တက်ရဲ့ ပွဲစဉ်ဇယားတွေကလည်း ကြပ်တည်းလွန်းတာကြောင့် ဒီပွဲမှာ အိမ်ရှင်းက အနိုင်ရလဒ် ရမယ် မထင်ဘူးလို့ သူက ဆိုလိုက်တာဖြစ်တယ်။ အိုဝင်ရဲ့ ခန့်မှန်းကို မှားယွင်းအောင် အသင်းသားတွေ ကြိုးစားနိုင်ဖို့တော့ မျှော်လင့်ထားပါတယ်။
အိုဝင်ကတော့ ” တနင်္လာနေ့က စတမ်းဖိုဒ့်ဘရစ်မှာ ယူနိုက်တက်ဟာ ထူးချွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြားရက်က ယူရိုပါလိဂ်ပွဲအဖြစ် ဘရုဂျ်မှာတော့ ခက်ခဲတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရပြန်တယ်။ တနင်္ဂနွေပွဲမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝတ်ဖိုဒ့်က သူတို့ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။
ချယ်ဆီးနဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ ခံစစ်သုံးယောက်တန်းကို အိုလီ ပြန်သုံးမယ်ဆိုရင်တော့ စိတ်ဝင်စားစရာတွေ မြင်ရမယ်လို့ ထင်ပါတယ်။ ပွဲထွက်လူစာရင်းထဲ ပြန်လည် ပါဝင်ခွင့် ရလာချိန်မှာ ဘိုင်လီက အတော်လေးကို အထင်ကြီးဖို့ ကောင်းလွန်းနေပါတယ်။
ဒီရာသီမှာ ဝတ်ဖိုဒ့်ဟာ အနိုင်ရအပြီးမှ ရမှတ် ၁၇ မှတ်ထိကို ပြန်လည် ဆုံးရံှူးထားတာဖြစ်တယ်။ ပရီးမီးယားလိဂ်မှာ အတော်မြင့်တဲ့ ရမှတ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က လိဂ်မှာ တင်ကျန်နေဖို့ ကြိုးစား တိုက်ခိုက်နေတာဖြစ်ပြိး ယူနိုက်တက်ရဲ့ ကြပ်တည်းတဲ့ ပွဲကြပ်တွေမှာ အိုထရတ်ဖိုဒ့်က အချို့သော လူတွေကို အံ့အားသင့်အောင် သူတို့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ဝတ်ဖိုဒ့်ပွဲကတော့ သရေရလဒ်ပဲ ထွက်ပေါ်လိမ့်မယ်လို့လည်း အိုဝင်က ရလဒ် ခန့်မှန်းသွားခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI
ကလပ်ဘရုဂ်ျနဲ့ပွဲမှာ ယူနိုက်တက် သရေကျမယ့်လို့ ခန့်မှန်းခဲ့တဲ့ မိုင်ကယ်အိုဝင်က ဒီအပတ် ဝတ်ဖိုဒ့်နဲ့ပွဲကိုလည်း ယူနိုက်တက် နိုင်မယ်လို့ မယူဆပါဘူး။