ပရီးမီးယားလိဂ်ရဲ့ စျေးအကြီးဆုံးအသင်းကို ဟာလန်း ဦးဆောင်နေကာ မန်စီးတီးမှ ၆ ဦးထိ ပါဝင်

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ အင်္ဂလန်လူငယ်တွေဖြစ်တဲ့ ဆာကာ၊ ဖိုဒန်တို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ပွဲထွက် ၁၁ ယောက်စာရင်းကို ဦးဆောင်နေပါတယ်။
မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာတဲ့နောက် ပွဲစဉ် ၇၅ ပွဲမှာ ၇၁ ဂိုးအထိ သွင်းယူပေးထားတဲ့ နော်ဝေသားဟာ တန်ကြေး ပေါင် ၁၅၆ သန်းအထိ သက်မှတ်ခြင်း ခံထားရတာကြောင့် ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဟာလန်းရဲ့ နောက်မှာ ဒုတိယ တန်ကြေးအမြင့်ဆုံး ဖြစ်နေတာကာ အာဆင်နယ် တိုက်စစ် ကစားသမား ဆာကာ ဖြစ်ပြီး ပေါင် ၁၀၄ သန်းအထိ သက်မှတ်ခြင်း ခံထားရသလို အာဆင်နယ် ကွင်းလယ်ကစားသမား ရိုက်စ်ကတော့ ပေါင် ၉၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
၎င်းတို့နောက်မှာတော့ ဖိုဒန်နဲ့ ရိုဒရီက ယူရို သန်း ၁၁၀ တွေဖြင့် ရပ်တည်နေပြီး အဲဗာရက်စ်က ယူရို သန်း ၉၀ တန်ကြေး ရှိနေပါတယ်။ ခံစစ်မှူးတွေဖြစ်တဲ့ ဂဗာဒီယိုနဲ့ ဒီယက်စ်တို့က ယူရို သန်း ၈၀ တွေဖြင့် ဒီစာရင်းထဲ ပါဝင်နေတာ ဖြစ်ပါတယ်။