ဝတ်ဖိုဒ့်ပွဲကြို ယူနိုက်တက်အတွက် သတင်းကောင်းကို ဆိုးရှား အတည်ပြု
ဒီအပတ်မှာ ကလပ်အသင်း စီနီယာလေ့ကျင့်ရေးတွေကို အကောင်းဆုံး ပါဝင်ခဲ့ပြီး ဘယ်ဂျီယံခရီးစဉ်ကို လွဲချော်ထားတဲ့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ တော်မီနေးဟာ တနင်္ဂနွေနေ့ ဝတ်ဖိုဒ့်နဲ့ပွဲမှာ ပါဝင်လာမယ်လို့ မန်နေဂျာဆိုးရှားက ပြောဆိုပါတယ်။
တော်မီနေးဟာ ကာလအတန်ကြာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပေမယ့် အသင်းအတွက် ပြန်လည် ပွဲထွက်ပေးလာနိုင်မှာ ဖြစ်သလို ဝတ်ဖိုဒ့်နဲ့ပွဲ ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်ကြောင်း ဆိုးရှားကပဲ ပြောဆိုခဲ့တာဖြစ်တယ်။ ဒါဟာဆိုရင် ယူနိုက်တက် ပရိသတ်တွေ မြင်လိုလှတဲ့ ဖရတ်၊ တော်မီနေး၊ ဖာနန်ဒက်စ် ကွင်းလယ်အတွဲကို မြင်တွေ့ရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဆိုးရှားက “ လူစာရင်းထဲ သူပါနေမယ်လို့ ကျနော်ထင်တယ်။ ဒီနေ့ တစ်နေ့လုံးကို စကော့ အနားထားတယ်။ မနက်ဖြန်မှာ သူရဲ့ အခြေအနေကို ကျနော်တို့ ကြည့်ရပါမယ် ” လို့ ကလပ်အသင်း ဝဘ်ဆိုဒ်ကနေ အဖြေပေးပါတယ်။
အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူဟာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ဘောက်ဆင်ဒေးပွဲကတည်းက ဒူးဒဏ်ရာ ရခဲ့တာပါ။ သူဟာ ဒီအပတ်မှာ စီနီယာလူစာရင်းထဲ ပြန်လာနိုင်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ခရီးကိုတော့ လွဲချော်ခဲ့ရပါတယ်။
“ မျှော်လင့်ထားတာထက် ခပ်စောစော ပြန်ကစားနိုင်တာအတွက် အံ့သြမိတာ မရှိပါဘူး။ သူက ဒီလို ကစားသမားပါပဲ။ ရုပ်ပိုင်းဆိုင်ရာ သန်မာလွန်းပြီး ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်။ သူက လုပ်နိုင်တဲ့ အရာအားလုံးကို ကြိုးစား လုပ်ကိုင်သူဖြစ်တယ်။ မာတစ်နဲ့ဖြစ်ဖြစ် ဖရတ်နဲ့ဖြစ်ဖြစ် အထိုင်လူအဖြစ် ကစားနိုင်ပြီး ကွင်းလယ်မှာ ပြေးလွှားသူအဖြစ်လည်း ကစားနိုင်ပါတယ်။
ဒီကနေ့မှာ အဲ့အကြောင်း ပြောနေရတာက ကျနေ်ာတို့မှာ တိုက်စစ်သမားတွေက လုံလောက်တဲ့ ပြေးမှုတွေ မလုပ်နိုင်ပါဘူး။ စကော့က တိုက်စစ်သမား တစ်ယောက်လို ပြေးလွှားနိုင်သူဖြစ်တယ်။ ဧရိယာထဲထိ သူက တိုးဝင် ကစားနိုင်ပါတယ် ” လို့ ဆိုးရှားက ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္မွာ ကလပ္အသင္း စီနီယာေလ့က်င့္ေရးေတြကို အေကာင္းဆံုး ပါဝင္ခဲ့ျပီး ဘယ္ဂ်ီယံခရီးစဥ္ကို လြဲေခ်ာ္ထားတဲ့ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူ ေတာ္မီေနးဟာ တနဂၤေႏြေန႔ ဝတ္ဖိုဒ့္နဲ႔ပြဲမွာ ပါဝင္လာမယ္လို႔ မန္ေနဂ်ာဆိုးရွားက ေျပာဆိုပါတယ္။
ေတာ္မီေနးဟာ ကာလအတန္ၾကာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူျဖစ္ေပမယ့္ အသင္းအတြက္ ျပန္လည္ ပြဲထြက္ေပးလာႏုိင္မွာ ျဖစ္သလို ဝတ္ဖိုဒ့္နဲ႔ပြဲ ပြဲထြက္လူစာရင္းကေန ပါဝင္လာႏုိင္ေၾကာင္း ဆိုးရွားကပဲ ေျပာဆိုခဲ့တာျဖစ္တယ္။ ဒါဟာဆိုရင္ ယူႏုိက္တက္ ပရိသတ္ေတြ ျမင္လိုလွတဲ့ ဖရတ္၊ ေတာ္မီေနး၊ ဖာနန္ဒက္စ္ ကြင္းလယ္အတြဲကို ျမင္ေတြ႔ရဖို႔ နီးစပ္ေနျပီ ျဖစ္ပါတယ္။
ဆိုးရွားက “ လူစာရင္းထဲ သူပါေနမယ္လို႔ က်ေနာ္ထင္တယ္။ ဒီေန႔ တစ္ေန႔လံုးကို စေကာ့ အနားထားတယ္။ မနက္ျဖန္မွာ သူရဲ႕ အေျခအေနကို က်ေနာ္တို႔ ၾကည့္ရပါမယ္ ” လို႔ ကလပ္အသင္း ဝဘ္ဆိုဒ္ကေန အေျဖေပးပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူဟာ နယူးကာဆယ္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ေဘာက္ဆင္ေဒးပြဲကတည္းက ဒူးဒဏ္ရာ ရခဲ့တာပါ။ သူဟာ ဒီအပတ္မွာ စီနီယာလူစာရင္းထဲ ျပန္လာႏုိင္ခဲ့တာျဖစ္ျပီး ယူရိုပါလိဂ္ခရီးကိုေတာ့ လြဲေခ်ာ္ခဲ့ရပါတယ္။
“ ေမွ်ာ္လင့္ထားတာထက္ ခပ္ေစာေစာ ျပန္ကစားႏုိင္တာအတြက္ အံ့ၾသမိတာ မရွိပါဘူး။ သူက ဒီလို ကစားသမားပါပဲ။ ရုပ္ပိုင္းဆိုင္ရာ သန္မာလြန္းျပီး ေခါင္းေဆာင္ေကာင္းတစ္ဦး ျဖစ္ပါတယ္။ သူက လုပ္ႏုိင္တဲ့ အရာအားလံုးကို ၾကိဳးစား လုပ္ကိုင္သူျဖစ္တယ္။ မာတစ္နဲ႔ျဖစ္ျဖစ္ ဖရတ္နဲ႔ျဖစ္ျဖစ္ အထိုင္လူအျဖစ္ ကစားႏုိင္ျပီး ကြင္းလယ္မွာ ေျပးလႊားသူအျဖစ္လည္း ကစားႏုိင္ပါတယ္။
ဒီကေန႔မွာ အဲ့အေၾကာင္း ေျပာေနရတာက က်ေန္ာတို႔မွာ တိုက္စစ္သမားေတြက လံုေလာက္တဲ့ ေျပးမႈေတြ မလုပ္ႏုိင္ပါဘူး။ စေကာ့က တိုက္စစ္သမား တစ္ေယာက္လို ေျပးလႊားႏုိင္သူျဖစ္တယ္။ ဧရိယာထဲထိ သူက တိုးဝင္ ကစားႏုိင္ပါတယ္ ” လို႔ ဆိုးရွားက ဆိုခဲ့တာ ျဖစ္ပါတယ္။