ယူနိုက်တက် အခက်တွေ့နိုင်ပေမယ့် သုံးမှတ်ပြည့် ယူမယ် ဆိုတဲ့ ဝက်ဖို့ဒ်နဲ့ ပွဲ လော်ရိုး ခန့်မှန်း

ယူရိုပါလိဂ်မှာ သရေ တစ်မှတ်ပိုက်ပြီး ပြန်လာခဲ့ရတဲ့နောက် ယူနိုက်တက်ဟာ ပြည်တွင်း ပရီးမီးယားလိဂ်မှာတော့ ဒီတပတ် တန်းဆင်းဇုန်က ဝက်ဖို့ဒ် အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

တိုက်စစ်မှူး ရက်ဖို့ဒ် ဒဏ်ရာ ထင်ထားတာထက် ကြာမှာ ဖြစ်သည့်တိုင် အငှား ခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလို အသင့် ဝင်ကစားဖို့ ရှိနေတဲ့ အပြင် မာရှယ်လည်း ဂိုးပြန် သွင်းနိုင်နေတာကြောင့် ယူနိုက်တက်တို့ အားတက်စရာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ဝက်ဖို့ဒ် အသင်း တိုးတက်လာတာကို နည်းနည်းတော့ မြင်လာခဲ့ပြီး သူတို့က တန်းဆင်း ဇုန်မှာ ရှိနေဆဲပါ။ ယူနိုက်တက်ရဲ့ ဒီလို ပွဲစဉ်တွေက စိုးရိမ်စိတ် ဝင်စရာပါ။ ထိပ်သီးအသင်းတွေနဲ့ဆို သူတို့က စိန်ခေါ်မှုကောင်းတွေ ပြုလုပ်နိုင်ပြီး အိမ်ကွင်းမှာ အခြား အသင်းတွေနဲ့ဆိုရင် နိုင်ပွဲ ရသင့်လျက်နဲ့ နိုင်ဖို့ အတော် ရုန်းရပါတယ်။

ဒါပေမယ့် ဒီပွဲမှာ သူတို့ ဝက်ဖို့ဒ်ကို အနိုင်ယူနိုင်မယ်တော့ ကျနေ်ာ ထင်ဆဲပါပဲ။ ဒါပေမယ့် လွယ်လွယ်နဲ့ ကစားပြီး နိုင်မယ်တော့ မထင်ထားဘူး။ ဒီကစားသမားတွေနဲ့ ဝက်ဖို့ဒ်ကို နိုင်ဖို့ ဆိုရင် နည်းပြ ဆိုးရှား အနေနဲ့ ဒီဇင်ဘာလထဲမှာ ဝက်ဖို့ဒ်ကို ရှုံးခဲ့တဲ့ ပွဲ အပေါ် သေချာ စိစစ် လေ့လာဖို့ လိုပါတယ်။ ဒါမှ ပြိုင်ဘက်ဟာ ဘယ်လို အစွယ် ရှိကြောင်း ပြန် အမှတ်ရလာမှာ ဖြစ်တယ်။ ” လို့ လော်ရိုးက သုံးသပ် ထားပါတယ်။

လော်ရိုး ခန့်မှန်း ရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝက်ဖို့ဒ် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၈း၃၀ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။

Zawgyi – ယူရိုပါလိဂ္မွာ သေရ တစ္မွတ္ပိုက္ျပီး ျပန္လာခဲ့ရတဲ့ေနာက္ ယူနိုက္တက္ဟာ ျပည္တြင္း ပရီးမီးယားလိဂ္မွာေတာ့ ဒီတပတ္ တန္းဆင္းဇုန္က ၀က္ဖို႔ဒ္ အသင္းကို အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။

တိုက္စစ္မွဴး ရက္ဖို႔ဒ္ ဒဏ္ရာ ထင္ထားတာထက္ ၾကာမွာ ျဖစ္သည့္တိုင္ အငွား ေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလုိ အသင့္ ၀င္ကစားဖို႔ ရွိေနတဲ့ အျပင္ မာရွယ္လည္း ဂိုးျပန္ သြင္းနုိင္ေနတာေၾကာင့္ ယူနုိက္တက္တို႔ အားတက္စရာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ အတြက္ ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” ၀က္ဖို႔ဒ္ အသင္း တိုးတက္လာတာကို နည္းနည္းေတာ့ ျမင္လာခဲ့ျပီး သူတို႔က တန္းဆင္း ဇုန္မွာ ရွိေနဆဲပါ။ ယူနိုက္တက္ရဲ႕ ဒီလို ပြဲစဥ္ေတြက စိုးရိမ္စိတ္ ၀င္စရာပါ။ ထိပ္သီးအသင္းေတြနဲ႕ဆို သူတို႔က စိန္ေခၚမႈေကာင္းေတြ ျပဳလုပ္နုိင္ျပီး အိမ္ကြင္းမွာ အျခား အသင္းေတြနဲ႕ဆိုရင္ နုိင္ပြဲ ရသင့္လ်က္နဲ႕ နုိင္ဖို႔ အေတာ္ ရုန္းရပါတယ္။

ဒါေပမယ့္ ဒီပြဲမွာ သူတို႔ ၀က္ဖို႕ဒ္ကို အနုိင္ယူနိုင္မယ္ေတာ့ က်ေန္ာ ထင္ဆဲပါပဲ။ ဒါေပမယ့္ လြယ္လြယ္နဲ႕ ကစားျပီး နုိင္မယ္ေတာ့ မထင္ထားဘူး။ ဒီကစားသမားေတြနဲ႕ ၀က္ဖို႔ဒ္ကို နုိင္ဖို႔ ဆိုရင္ နည္းျပ ဆိုးရွား အေနနဲ႕ ဒီဇင္ဘာလထဲမွာ ၀က္ဖို႔ဒ္ကို ရွံဳးခဲ့တဲ့ ပြဲ အေပၚ ေသခ်ာ စိစစ္ ေလ့လာဖို႔ လိုပါတယ္။ ဒါမွ ျပိဳင္ဘက္ဟာ ဘယ္လို အစြယ္ ရွိေၾကာင္း ျပန္ အမွတ္ရလာမွာ ျဖစ္တယ္။ ” လို႔ ေလာ္ရိုးက သံုးသပ္ ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္း ရလဒ္ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၂-၀ ၀က္ဖို႔ဒ္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ တနဂၤေႏြေန႔ည ျမန္မာစံေတာ္ခ်ိန္ ၈း၃၀ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာပါ။