ယူရို သန်း ၆၀ တန် မန်စီးတီး ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

မန်စီးတီးကစားသမားတွေဆိုရင် အရမ်းကို သဘောကျလေ့ရှိတဲ့ ဘာစီလိုနာနည်းပြ ဇာဗီကတော့ မန်စီးတီးကနေ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲလို့ သိရပါတယ်။

ဘာစီလိုနာအနေနဲ့ ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကို ယူရို သန်း ၂၀ ဖြင့် ရောင်းချဖို့ ပြင်ဆင်ထားသလို ဂျာအို ဖီးလစ်ကိုလည်း အသက်လက်တီကိုကနေ အပြီးသတ် ခေါ်ယူဖို့ မသေချာတော့ပါဘူး။

၎င်းတို့ဟာ လူစာရင်းထဲ နာမည်ကျော် စတားတစ်ဦး ဖြည့်ဖို့ကို ပြင်ဆင်နေရာမှာ အသက် ၂၉ နှစ်အရွယ် ဘာနာဒိုဟာ ဘာစီလိုနာရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်လာတာပါ။

ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက စီးတီးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာဖြစ်ပေမယ့် အင်္ဂလန်မြေမှာ အထီးကျန်ဆန်တဲ့ ခံစားရမှုတွေကြောင့် နွေရာသီမှာ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ဘဏ္ဍာရေးအခြေအနေကြောင့် ဘာစီလိုနာဟာ ဘာနာဒိုကိုခေါ်ယူဖို့ လက်ရှိမှာ မတတ်နိုင်ပေမယ့် လာမယ့်လအနည်းငယ်မှာတော့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဘာနာဒို နဲ့ မန်စီးတီးတို့ကြား စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၆၀ ရှိနေတယ်လို့ သိရတယ်။