မန်စီးတီး ကစားသမားကို ပေါင် ၂၆ သန်းပေးပြီးတောင် မခေါ်နိုင်ဖြစ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ မန်စီးတီးကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူလိုသော်လည်း ကစားသမားရဲ့ တန်ကြေးကိုပေးဖို့ ပိုက်ဆံမရှိတာကြောင့် ရာသီကုန်ရင် ခေါ်ယူနိုင်ရေး မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာ ဘာစီလိုနာဟာ ကန်ဆယ်လိုကို အငှားနဲ့ခေါ်ယူခဲ့ပြီး ယခုအခါမှာတော့ ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ အသင်းမှာခြေစွမ်းပြကစားနေပြီး ပွဲတိုင်းလိုလိုမှာ ပါဝင်ခွင့်ရနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ကန်ဆန်လိုကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်နေသော်လည်း ကစားသမားရဲ့တန်ကြေးက အတားအဆီးဖြစ်နေပါတယ်။ မန်စီးတီးဘက်ကတော့ ကစားသမားကို အပြီးသတ်ခေါ်ယူမယ်ဆိုပါက ပေါင် ၂၆ သန်း ပေးချေရမယ်လို့ တန်ကြေး သတ်မှတ်ထားတာဖြစ်ပါတယ်။
ဘာစီလိုနာ ဥက္ကဌ လာပေါ်တေးက ပေါ်တူဂီသားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဖြေရှင်းနည်းများကို လုပ်ဆောင်နေပြီလို့တော့ ပြောကြားထားပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာကလပ်ရဲ့ အရာရှိတွေနဲ့ ဆွေးနွေးမှုမျာ စတင်နေပြီလို့ဆိုပါတယ်။
ဘာစီလိုနာက ကန်ဆယ်လိုအတွက် ပြောင်းရွှေ့ကြေးကို လျော့ချလိုတာလား အငှားကာလ သက်တမ်းကို ထပ်တိုးမှာလားတော့ မသေချာလှသေးပါဘူး။
ဘာစီလိုနာဟာ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။