ပွဲကြိုမှာ မန်စီးတီးကို ခြိမ်းခြောက်လိုက်တဲ့ အဲဗာတန် ဂိုးသမား ပစ်ဖိုဒ့်
ဒီည ပွဲကြိုမှာ အဲဗာတန်က မန်စီးတီးကို ကြောက်နေမှာ မဟုတ်ဘဲ အခွင့်အရေး ရလာခဲ့ရင် အရယူသွားမှာဖြစ်တယ်လို့ သတိပေးစကား ပြောဆိုလာပါတယ်။
အဲဗာတန်အသင်းဟာ ချယ်ဆီး နဲ့ နယူးကာဆယ်တို့ကိုပါ ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ယူထားကာ ခြေစွမ်းတက်နေတာပါ။ ဒီလိုတွေကြောင့်မို့ ပရီးမီးယားလိဂ် ချန်ပီယံတွေကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် အချိန်မှာ ယုံကြည်ချက်တွေလည်း လွန်ကဲနေဟန် ရှိပါတယ်။
အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်က “ ကျွန်တော်တို့ ယုံကြည်မှု မြင့်မားနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိနေပြီ ဆိုတာကိုတော့ သိထားပါတယ်။
ကျွန်တော်တို့ ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင်းက အဆင့်တစ်ခုမှာ ရှိနေပြီဆိုတာကို လေ့ကျင့်ခန်းတွေဆင်းရင်း သိလာခဲ့ရတယ်။ အသင်းအတွက်ကိုလည်း အကောင်းဆုံး ပေးဆပ်သွားဖို့ အဆင့်သင့်ပါပဲ။
ကျွန်တော်တို့ရဲ့ အထူး ရည်မှန်းချက်ကတော့ ပွဲအတွင်း စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့နဲ့ နိုင်ပွဲတွေ ရယူဖို့ပါပဲ။ ကျွန်တော်တို့ကို အကြိတ်အနယ် အားပေးနေကြတဲ့ ပရိသတ်ထုကြီးလည်း ရှိနေပါတယ်။ အသင်းသားတွေ အချင်းချင်းလည်း ရိုင်းပင်း ကူညီပြီးတော့ ကြိုးစားနေကြပါတယ်။
သူတို့ (မန်စီးတီး)တွေနဲ့ ကစားဖို့က အချိန်ကောင်းလား ဆိုးလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ပွဲအတွင်းမှာတော့ ကျွန်တော်တို့တွေအတွက် အခွင့်အရေး ရလာခဲ့ရင်တော့ အဲ့ဒီအခွင့်အရေးကို အရယူသွားနိုင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။