ဘင်ဖီကာအသင်း ဥပမာထားရင်း မန်စီးတီးနဲ့ သူ့ရဲ့ စာချုပ်အကြောင်း ဖော်ထုတ်လိုက်တဲ့ ဘာနာဒို
ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အနာဂတ်မှာ ဇာတိမြေကို ပြန်လိုပေမယ့်လို့ မန်စီးတီးဘက်က သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ချပေးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီသတင်းဌာနက ဘင်ဖီကာအသင်းထံ ပြန်ဖို့ အစီအစဉ် ရှိမလားလို့ မေးမြန်းခဲ့တာ ဖြစ်ပေမယ့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ စီးတီးဘက်က ဘယ်လောက်တောင်းမလဲ မသိပေမယ့် ဘင်ဖီကာတို့ ခေါ်ယူဖို့ တတ်နိုင်ဖွယ် မရှိတဲ့ ပမာဏလောက်ထိ များပြားဖွယ် ရှိပါတယ်။
ဘင်ဖီကာသို့ ပြန်ဖို့နဲ့ပတ်သက်ပြီး ဆေးလ်ဗားက “တစ်နေ့မှာ ပြန်ချင်တဲ့စိတ်ရှိတာကို ကျွန်တော် မညာချင်ပါဘူး။ အခုတော့ ဘာတွေဖြစ်နိုင်မလဲ ကြည့်ရမှာဖြစ်ပြီး ပြောင်းရွှေးကြေးနဲ့ ပတ်သက်ပြီး အချိန်တိုင်းပြောနေရမှာ မဟုတ်ပါဘူး။
စာချုပ်ဆိုင်ရာ ကိစ္စတွေကိုတော့ လေးစားမှုရှိရမှာဖြစ်ပါတယ်။ ပေါ်တူဂီဘောလုံးလောကရဲ့ ငွေကြေးအင်အားက အင်္ဂလိပ်၊ စပိန်၊ ဂျာမန်နဲ့ ပြင်သစ်ဘောလုံးလောကရဲ့ ငွေကြေးအင်အားကို မယှဉ်နိုင်ပါဘူး။
ဥပမာပြောရရင် လက်ရှိအချိန်မှာ ကျွန်တော်က ဘင်ဖီကာသို့ ပြောင်းချင်တယ်ဆိုရင်တောင် မန်စီးတီးက ပြောင်းရွှေ့ကြေး များများတောင်းမှာဖြစ်တာကြောင့် ဒါဟာ မဖြစ်နိုင်ပါဘူး။ အားလုံးက လက်တွေ့ဆန်ရမှာဖြစ်ပါတယ် ” လို့ ပြောကြားလိုက်ပါတယ်။
ဘာနာဒိုဆေးလ်ဗားရဲ့ မန်စီးတီး စာချုပ်က ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။