မန်ချက်စတာစီးတီး vs ရှက်ဖီး ယူနိုက်တက် ပွဲစဉ် ဘယ်လို ဂိုးရလဒ် ထွက်ပေါ်မလဲ ခန့်မှန်းလိုက်တဲ့ ပေါမာဆန်

မန်စီးတီးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ဝါရင့် ဘောလုံးပွဲ သုံးသပ်သူကြီး ပေါမာဆန်က အခုလိုပဲ သုံးသပ်ကာ ရလဒ် ခန့်မှန်းခဲ့ပါတယ်။

မန်ချက်စတာစီးတီး vs ရှက်ဖီး ယူနိုက်တက်

မန်ချက်စတာစီးတီးပဲ နိုင်မှာပေါ့။ မေးစရာ ရှိတာက အိမ်ကွင်း ပရိသတ်ရှေ့မှာ သူတို့ ဘယ်နှဂိုး သွင်းမှာလဲ ဆိုတာပါပဲ။

အိမ်ကွင်းမှာ လူတန်ကို အံ့ဖွယ် ရှုံးထားတဲ့ ရှက်ဖီးတို့ အနေနဲ့ ဒီပွဲမှာ ဘယ်လောက် ရလဒ်က အကျည်းတန်သွားမလဲ စောင့်ကြည့်ရတော့မှာပါ။ သူတို့ တန်းဆင်းရမယ်လို့ ကျွန်တော် ထင်နေတယ်။

လက်ရှိ ချန်ပီယံတွေကတော့ အဲဗာတန်နဲ့ ပွဲမှာ နောက်ကနေ ပြန်လိုက် ကစားပြီး ၃-၁ နဲ့ နိုင်ထားတယ်။

ပထမပိုင်းအပြီး အဲဒီတုန်းက စီးတီးက ၁-ဝ နဲ့ ရှုံးနေသေးတာကို အာဆင်နယ်နဲ့ လီဗာပူးတို့က အားရစွာ စောင့်ကြည့်နေကြမှာပါ။ အဲဒီနောက် ဒုတိယပိုင်းမှာတော့ သူတို့ ဘာလို့ ဒီနှစ်တွေ အတွင်း ချန်ပီယံ ဆက်တိုက် ဖြစ်ထားလဲ ဆိုတာကို စီးတီးက ပြသခဲ့ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်ချက်စတာစီးတီး 4-0 ရှက်ဖီး ယူနိုက်တက်